ဂ်ပန္ကူညီမယ့္ စီမံကိန္းမ်ားအေရး သမၼတနဲ႔ ဂ်ပန္ ေဆြးေႏြး

0
343

ဂ်ပန္ႏုိင္ငံရဲ႕ အကူအညီနဲ႔ ျမန္မာႏုိင္ငံမွာ ေဆာင္ရြက္မယ့္ စီမံကိန္းမ်ားနဲ႔ စပ္လ်ဥ္းၿပီး ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္နဲ႔ ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္ မစၥတာ ဟီ႐ိုတို အီဇုမိ တို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ သမၼတ႐ံုးက သတင္းထုတ္ျပန္ပါတယ္။

ေအာက္တိုဘာ ၂၄ ရက္က ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္ သံတမန္ေဆာင္ ဧည့္ခန္းမမွာ ေတြ႔ဆံုတုန္း ေဆြးေႏြးေျပာဆိုခဲ့ၾကတာ ျဖစ္ၿပီး ျမန္မာ – ဂ်ပန္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သတင္းမွာ ေဖာ္ျပပါတယ္။

ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္ မစၥတာ ဟီ႐ိုတို အီဇုမိဟာ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူတို႔နဲ႔လည္း ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။
…………………….. ။ ။ …………………………..

ဂျပန်ကူညီမယ့် စီမံကိန်းများအရေး သမ္မတနဲ့ ဂျပန် ဆွေးနွေး
ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် စီမံကိန်းများနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အီဇုမိ တို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံတုန်း ဆွေးနွေးပြောဆိုခဲ့ကြတာ ဖြစ်ပြီး မြန်မာ – ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အီဇုမိဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)