ဒုတိယ ကမၻာစစ္လက္က်န္ တင့္ကား ဖားကန္႔မွာ ေတြ႔ရွိ

0
1350

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန္႔ၿမိဳ႕နယ္၊ ဝါရာဇြတ္ေက်းရြာအနီး နန္ဆန္ေခ်ာင္းအတြင္းမွာ ဒုတိယကမာၻစစ္လက္က်န္ တင့္ကားပ်က္တစ္စီးကို စက္တင္ဘာ ၂၂ ရက္ေန႔မွာ နယ္ေျမခံတပ္က ေတြ႔ရွိခဲ့ပါတယ္။

တင့္ကားပ်က္ကို ကာမိုင္းၿမိဳ႕၊ ဝါရာဇြတ္ ေက်းရြာရဲ႕ အေနာက္ေျမာက္ဘက္ လီဒိုလမ္းမႀကီးနဲ႔ သံုးဖာလုံခန္႔အကြာ နန္ဆန္ေခ်ာင္းအတြင္း ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ နယ္ေျမခံတပ္မွ တပ္မေတာ္သားမ်ားက ဘက္ဟိုးယာဥ္ တစ္စီးနဲ႔ ဆယ္ယူခဲ့ၿပီး ညေန ၄ နာရီမွာ ေခ်ာင္းကမ္းပါးေပၚကို တင္ေဆာင္ႏိုင္ခဲ့ပါတယ္။

တင့္ကားပ်က္ဟာ အလ်ား ၁၆ ေပ၊ အနံ ၈ ေပ၊ အျမင့္ ၈ ေပရွိၿပီး လိုအပ္တာေတြကို ဆက္လက္ ေဆာင္ရြက္ႏိုင္ဖို႔ သက္ဆိုင္ရာကို ဆက္လက္တင္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုတိယ ကမ္ဘာစစ်လက်ကျန် တင့်ကား ဖားကန့်မှာ တွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွတ်ကျေးရွာအနီး နန်ဆန်ချောင်းအတွင်းမှာ ဒုတိယကမ္ဘာစစ်လက်ကျန် တင့်ကားပျက်တစ်စီးကို စက်တင်ဘာ ၂၂ ရက်နေ့မှာ နယ်မြေခံတပ်က တွေ့ရှိခဲ့ပါတယ်။

တင့်ကားပျက်ကို ကာမိုင်းမြို့၊ ဝါရာဇွတ် ကျေးရွာရဲ့ အနောက်မြောက်ဘက် လီဒိုလမ်းမကြီးနဲ့ သုံးဖာလုံခန့်အကွာ နန်ဆန်ချောင်းအတွင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နယ်မြေခံတပ်မှ တပ်မတော်သားများက ဘက်ဟိုးယာဉ် တစ်စီးနဲ့ ဆယ်ယူခဲ့ပြီး ညနေ ၄ နာရီမှာ ချောင်းကမ်းပါးပေါ်ကို တင်ဆောင်နိုင်ခဲ့ပါတယ်။

တင့်ကားပျက်ဟာ အလျား ၁၆ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိပြီး လိုအပ်တာတွေကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာကို ဆက်လက်တင်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)