ေရတာရွည္ ၿမိဳ႕နယ္မွာ နာမည္ႀကီးတရားခံေျပး ဖမ္းဆီးရမိ

0
1530

ခိုးမႈ၊ မုဒိမ္းမႈ၊ ရဲတပ္ဖြဲ႔ဝင္ေတြကို ဓားနဲ႔ ခုတ္မႈေတြနဲ႔ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ နာမည္ႀကီး တရားခံေျပးတစ္ဦးကို မေန႔က စက္တင္ဘာ ၂၄ ရက္ေန႔မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

ေပါက္ေခ်ာင္းေက်းရြာေန ႏိုင္ဝင္းဟာ ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္အတြင္း ခိုးမႈနဲ႔ ေထာင္က်ေနစဥ္ ထြက္ေျပးလာၿပီး မိန္းကေလးတစ္ဦးကို အဓမၼျပဳက်င့္မႈ ထပ္မံက်ဴးလြန္ခဲ့ပါတယ္။ ရဲတပ္ဖြဲ႔က ဝိုင္းဝန္းဖမ္းဆီး ရာမွာ ရဲတပ္ဖြဲ႔ဝင္ႏွစ္ဦးကိုပါ ဓားနဲ႔ ခုတ္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနတာ ျဖစ္ပါတယ္။

ခိုးမႈနဲ႔ ေထာင္က်ေနစဥ္ ႏိုင္ဝင္းက ေတာင္ငူေထာင္ကေန ထြက္ေျပးခဲ့တာ ျဖစ္ပါတယ္။ ၂ဝ၁၃ ခုႏွစ္မွာ ေညာင္ပင္ကိုင္းေက်းရြာေန အသက္ ၁၉ ႏွစ္အရြယ္ မိန္းကေလးကို သားမယားအျဖစ္ ျပဳက်င့္ခဲ့ၿပီး ကိုယ္ဝန္ႏွစ္လ ရရွိခဲ့တဲ့အတြက္ မုဒိမ္းမႈနဲ႔ ထပ္မံအမႈဖြင့္ရာမွာ ထြက္ေျပးတိမ္းေရွာင္ေနတာ ျဖစ္ပါတယ္။ အခုႏွစ္ မတ္လမွာ ရဲတပ္ဖြဲ႔ဝင္ႏွစ္ဦးကို ငွက္ႀကီးေတာင္ဓားနဲ႔ ခုတ္ကာ ထပ္မံထြက္ေျပးတိမ္းေရွာင္ေနခဲ့တာ ျဖစ္ၿပီး ေနအိမ္ ျပန္ေရာက္ေနတယ္လို႔ သတင္းရရွိတဲ့အတြက္ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရေတာရှည် မြို့နယ်မှာ နာမည်ကြီးတရားခံပြေး ဖမ်းဆီးရမိ

ခိုးမှု၊ မုဒိမ်းမှု၊ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ ခုတ်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ နာမည်ကြီး တရားခံပြေးတစ်ဦးကို မနေ့က စက်တင်ဘာ ၂၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ပေါက်ချောင်းကျေးရွာနေ နိုင်ဝင်းဟာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ခိုးမှုနဲ့ ထောင်ကျနေစဉ် ထွက်ပြေးလာပြီး မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှု ထပ်မံကျူးလွန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဝိုင်းဝန်းဖမ်းဆီး ရာမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုပါ ဓားနဲ့ ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

ခိုးမှုနဲ့ ထောင်ကျနေစဉ် နိုင်ဝင်းက တောင်ငူထောင်ကနေ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ညောင်ပင်ကိုင်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ကိုယ်ဝန်နှစ်လ ရရှိခဲ့တဲ့အတွက် မုဒိမ်းမှုနဲ့ ထပ်မံအမှုဖွင့်ရာမှာ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။ အခုနှစ် မတ်လမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ငှက်ကြီးတောင်ဓားနဲ့ ခုတ်ကာ ထပ်မံထွက်ပြေးတိမ်းရှောင်နေခဲ့တာ ဖြစ်ပြီး နေအိမ် ပြန်ရောက်နေတယ်လို့ သတင်းရရှိတဲ့အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)