မင္းျပားၿမိဳ႕နယ္မွာ ကြ်ဲ ၅၅ ေကာင္ေသဆံုး၊ စစ္ေဆးေန

0
1408

ရခိုင္ျပည္နယ္၊ ေျမာက္ဦးခ႐ိုင္၊ မင္းျပားၿမိဳ႕နယ္၊ အိုးပ်ဥ္ေတာင္ ေက်းရြာအုပ္စုအတြင္းက လႊတ္ေက်ာင္းထားတဲ့ ကြ်ဲ၊ ႏြားေတြအနက္ ကြ်ဲ ၅၅ ေကာင္ ေသဆံုးၿပီး ကြ်ဲ ၄၄ ေကာင္ ေပ်ာက္ဆံုးမႈ ျဖစ္ပြားခဲ့ပါတယ္။

ေတာင္သူေတြက ပန္းေျမာင္းေက်းရြာ အုပ္စုနဲ႔ ထိန္ပင္ေက်းရြာ အုပ္စုတို႔ၾကား ေဖာက္ခံုေခ်ာင္း ေတာင္တန္းမွာ ၾသဂုတ္ ၁၅ ရက္ကစၿပီး လႊတ္ေက်ာင္းထားတဲ့ ကြ်ဲ၊ ႏြားေတြကို ျပန္သယ္ေဆာင္ဖို႔ ရွာေဖြရာမွာ အခုလို ေသဆံုး၊ ေပ်ာက္ဆံုးေနတာကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ မင္းျပားၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာ ခ်စ္ဦးလြင္ ဦးေဆာင္တဲ့အဖြဲ႔နဲ႔ တာဝန္ရွိသူေတြက ေဖာက္ခုံေခ်ာင္း ေတာင္တန္းကို သြားေရာက္စစ္ေဆး ေဆာင္ရြက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မင်းပြားမြို့နယ်မှာ ကျွဲ ၅၅ ကောင်သေဆုံး၊ စစ်ဆေးနေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ အိုးပျဉ်တောင် ကျေးရွာအုပ်စုအတွင်းက လွှတ်ကျောင်းထားတဲ့ ကျွဲ၊ နွားတွေအနက် ကျွဲ ၅၅ ကောင် သေဆုံးပြီး ကျွဲ ၄၄ ကောင် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

တောင်သူတွေက ပန်းမြောင်းကျေးရွာ အုပ်စုနဲ့ ထိန်ပင်ကျေးရွာ အုပ်စုတို့ကြား ဖောက်ခုံချောင်း တောင်တန်းမှာ သြဂုတ် ၁၅ ရက်ကစပြီး လွှတ်ကျောင်းထားတဲ့ ကျွဲ၊ နွားတွေကို ပြန်သယ်ဆောင်ဖို့ ရှာဖွေရာမှာ အခုလို သေဆုံး၊ ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ မင်းပြားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင် ဦးဆောင်တဲ့အဖွဲ့နဲ့ တာဝန်ရှိသူတွေက ဖောက်ခုံချောင်း တောင်တန်းကို သွားရောက်စစ်ဆေး ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)