မျပည့္စံုတဲ့ တကၠသိုလ္ ေလွ်ာက္လႊာေတြ ျပန္ေလွ်ာက္ထားဖို႔ အေၾကာင္းၾကားထား

0
1270

တကၠသိုလ္ဝင္ခြင့္ ေရြးခ်ယ္ေရးအဖြဲ႔ကို ေလွ်ာက္ထားၿပီး ဦးစားေပးတကၠသိုလ္ ျဖည့္စြက္ေလွ်ာက္ထားရာမွာ မျပည့္စုံလို႔ ျပန္လည္ေလွ်ာက္ထားဖို႔ ေက်ာင္းသားေတြထံ စာတိုက္ကေန ျဖည့္စြက္ရမယ့္ ပုံစံနဲ႔တကြ အေၾကာင္းၾကားထားပါတယ္။

တကၠသိုလ္ဝင္ခြင့္ ေရြးခ်ယ္ေရးအဖြဲ႔ကို မေလွ်ာက္ထားရေသးသူေတြလည္း အဆင့္ျမင့္ပညာ ဦးစီးဌာန (ရန္ကုန္႐ုံးခြဲ)၊ သထုံလမ္းသို႔ အခ်ိန္မီ ေလွ်ာက္ထားႏိုင္ပါတယ္။ သီးျခားဝင္ခြင့္ေခၚယူတဲ့ တကၠသိုလ္ ၁၁ ခုကို ဝင္ခြင့္ရသူ စာရင္းအား သက္ဆိုင္ရာ တကၠသိုလ္အသီးသီး အျပင္ ပညာေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုက္ http://www.moe.gov.mm, http://www.moe-st.gov.mm နဲ႔ http://www.myanmar-education.edu.mm တို႔မွာလည္း ေၾကညာထားမွာ ျဖစ္ပါတယ္။

တကၠသိုလ္ ၁၁ ေက်ာင္းအျပင္ တကၠသိုလ္ဝင္ခြင့္ ေရြးခ်ယ္ေရးအဖြဲ႔ကိုပါ တစ္ၿပိဳင္နက္ ေလွ်ာက္ထားလို႔ တကၠသိုလ္တစ္ေက်ာင္း ထက္ပိုၿပီး ဝင္ခြင့္ရရွိေနပါက တက္ေရာက္လိုတဲ့ တကၠသိုလ္တစ္ေက်ာင္းတည္းမွာသာ မွတ္ပုံတင္ၿပီး တက္ေရာက္ရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မပြည့်စုံတဲ့ တက္ကသိုလ် လျှောက်လွှာတွေ ပြန်လျှောက်ထားဖို့ အကြောင်းကြားထား

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့ကို လျှောက်ထားပြီး ဦးစားပေး တက္ကသိုလ် ဖြည့်စွက်လျှောက်ထားရာမှာ မပြည့်စုံလို့ ပြန်လည်လျှောက်ထားဖို့ ကျောင်းသားတွေထံ စာတိုက်ကနေ ဖြည့်စွက်ရမယ့် ပုံစံနဲ့တကွ အကြောင်းကြားထားပါတယ်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့ကို မလျှောက်ထားရသေးသူတွေလည်း အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်းသို့ အချိန်မီ လျှောက်ထားနိုင်ပါတယ်။ သီးခြားဝင်ခွင့်ခေါ်ယူတဲ့ တက္ကသိုလ် ၁၁ ခုကို ဝင်ခွင့်ရသူ စာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး အပြင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် http://www.moe.gov.mm, http://www.moe-st.gov.mm နဲ့ http://www.myanmar-education.edu.mm တို့မှာလည်း ကြေညာထားမှာ ဖြစ်ပါတယ်။

တက္ကသိုလ် ၁၁ ကျောင်းအပြင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့ကိုပါ တစ်ပြိုင်နက် လျှောက်ထားလို့ တက္ကသိုလ်တစ်ကျောင်း ထက်ပိုပြီး ဝင်ခွင့်ရရှိနေပါက တက်ရောက်လိုတဲ့ တက္ကသိုလ်တစ်ကျောင်းတည်းမှာသာ မှတ်ပုံတင်ပြီး တက်ရောက်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)