သထံုၿမိဳ႕မွာ ၁ ေသာင္းက်ပ္တန္ အတု ရြက္ေရ ၁ ေသာင္းေက်ာ္ ဖမ္းမိ

0
1758

မြန္ျပည္နယ္၊ သထံုၿမိဳ႕မွာ ၁ ေသာင္းက်ပ္တန္ အတု ရြက္ေရ ၁၂၅၄၅ ရြက္နဲ႔ ဆက္စပ္ပစၥည္းေတြ ဖမ္းဆီးရမိခဲ့ပါတယ္။

သထုံၿမိဳ႕၊ လိပ္အင္းရပ္ကြက္ေန ေဒၚေဌးေဌး (၅၀ ႏွစ္)ရဲ႕ ေနအိမ္မွာ လာေရာက္တည္းခိုေနတဲ့ ေဇာ္မင္းႏိုင္ (ခ) ကိုေဇာ္ (၄၆ ႏွစ္)ရဲ႕ အခန္းကို စက္တင္ဘာ ၂၄ ရက္ေန႔မွာ သထုံခ႐ိုင္ရဲတပ္ဖြဲ႔က ရွာေဖြခဲ့ရာမွာ ၁ ေသာင္း က်ပ္တန္ ရြက္ေရ ၁ ေသာင္း ၂ ေထာင္ေက်ာ္နဲ႔ ၁ ေသာင္းက်ပ္တန္ မိတၱဴ တျခမ္းကူးထားတဲ့ A4 ရြက္ေရ ရြက္ေရ ၂၂၀၊ ႏွစ္ဖက္ မိတၱဴကူးထားတဲ့ A4 စာရြက္ ၉ ရြက္၊ ကာလာပရင္တာ ၁ လုံးတို႔ကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ဖိစက္၊ စကၠဴျဖတ္စက္၊ ပရင္တာ ေဆးဗူးေတြကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။ ေဇာ္မင္းႏိုင္ (ခ) ကိုေဇာ္ဟာ လြန္ခဲ့ေသာ ၁ လခန္႔ကစၿပီး ေဒၚေဌးေဌး အိမ္မွာ တည္းခိုေနၿပီး သူ႔ဆီကို သထုံၿမိဳ႕နယ္၊ အလံတစ္ရာ ေက်းရြာေန ဘိုေလး ေရာက္ရွိလာၿပီး အခန္းထဲမွာ ေငြစကၠဴအတုေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အိမ္ရွင္နဲ႔ သူတို႔ႏွစ္ဦးကို သထုံၿမိဳ႕နယ္ရဲစခန္းမွာ ဖမ္းဆီးစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သထုံမြို့မှာ ၁ သောင်းကျပ်တန် အတု ရွက်ရေ ၁ သောင်းကျော် ဖမ်းမိ

မွန်ပြည်နယ်၊ သထုံမြို့မှာ ၁ သောင်းကျပ်တန် အတု ရွက်ရေ ၁၂၅၄၅ ရွက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်နေ ဒေါ်ဌေးဌေး (၅၀ နှစ်)ရဲ့ နေအိမ်မှာ လာရောက်တည်းခိုနေတဲ့ ဇော်မင်းနိုင် (ခ) ကိုဇော် (၄၆ နှစ်)ရဲ့ အခန်းကို စက်တင်ဘာ ၂၄ ရက်နေ့မှာ သထုံခရိုင်ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာမှာ ၁ သောင်း ကျပ်တန် ရွက်ရေ ၁ သောင်း ၂ ထောင်ကျော်နဲ့ ၁ သောင်းကျပ်တန် မိတ္တူ တခြမ်းကူးထားတဲ့ A4 ရွက်ရေ ရွက်ရေ ၂၂၀၊ နှစ်ဖက် မိတ္တူကူးထားတဲ့ A4 စာရွက် ၉ ရွက်၊ ကာလာပရင်တာ ၁ လုံးတို့ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖိစက်၊ စက္ကူဖြတ်စက်၊ ပရင်တာ ဆေးဗူးတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဇော်မင်းနိုင် (ခ) ကိုဇော်ဟာ လွန်ခဲ့သော ၁ လခန့်ကစပြီး ဒေါ်ဌေးဌေး အိမ်မှာ တည်းခိုနေပြီး သူ့ဆီကို သထုံမြို့နယ်၊ အလံတစ်ရာ ကျေးရွာနေ ဘိုလေး ရောက်ရှိလာပြီး အခန်းထဲမှာ ငွေစက္ကူအတုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်နဲ့ သူတို့ နှစ်ဦးကို သထုံမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)