ဖုယြင္ အလုပ္သမားကိစၥ ျပန္လည္ညွိႏႈိင္းမယ္

0
741

အလုပ္က ရပ္ဆုိင္းခံခဲ့ရတဲ့ ဖုယြင္အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြ လုပ္ငန္းခြင္ ျပန္လည္၀င္ေရာက္ႏုိင္ဖို႔ သက္ဆုိင္ရာတာ၀န္ရွိသူေတြက ျပန္လည္ညွိႏႈိင္း ေဆာင္ရြက္သြားဖုိ႔ရွိေနပါတယ္။

ဖုယြင္အထည္ခ်ဳပ္ အလုပ္သမားသမဂၢ အေယာက္ ၃၀ ကုိ အေၾကာင္းမဲ့ အလုပ္ထုတ္လုိက္တဲ့အေပၚ ၾသဂုတ္လ ၂၁ ရက္ေန႔က စတင္ဆႏၵျပခဲ့ၾကတာျဖစ္ေပမယ့္ အခုခ်ိန္ထိ ေျပလည္မႈမရရွိေသးတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဖုယြင္အလုပ္သမားေတြနဲ႔ စက္႐ုံေပါင္း ၁၀ ႐ဳံနဲ႔ ဗမာႏုိင္ငံလုံးဆုိင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ေတြက အလုပ္သမားအဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး ၿပီးခဲ့တဲ့ ၂၃ရက္ေန႔က လမ္းမေပၚထြက္ ဆႏၵျပေတာင္းဆုိခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဒီကေန႔ စက္တင္ဘာလ ၂၅ ရက္ေန႔မွာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ႐ုံးခ်ုဳပ္မွာ ဖုယြင္အလုပ္သမား ေတြ ေရာက္ရွိေနၿပီး ညိႇႏႈိင္းေဆာင္ရြက္ေပးဖို႔ လာေရာက္ေတြ႔ဆုံတာ ျဖစ္နုိင္တယ္လို႔ အလုပ္သမားေရး သတင္းေရးသားသူေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖုယွင်အလုပ်သမားကိစ္စ ပြန်လည်ညှိနှိုင်းမယ်

အလုပ်က ရပ်ဆိုင်းခံခဲ့ရတဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိနေပါတယ်။

ဖုယွင်အထည်ချုပ် အလုပ်သမားသမဂ္ဂ အယောက် ၃၀ ကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်တဲ့အပေါ် သြဂုတ်လ ၂၁ ရက်နေ့က စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပေမယ့် အခုချိန်ထိ ပြေလည်မှုမရရှိသေးတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဖုယွင်အလုပ်သမားတွေနဲ့ စက်ရုံပေါင်း ၁၀ ရုံနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်တွေက အလုပ်သမားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၃ရက်နေ့က လမ်းမပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဖုယွင်အလုပ်သမား တွေ ရောက်ရှိနေပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့ လာရောက်တွေ့ဆုံတာ ဖြစ်နိုင်တယ်လို့ အလုပ်သမားရေး သတင်းရေးသားသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)