ဆရာေတာ္ ဘဒၵႏၲေသာဘိတကို ကမာၻ႔ဗုဒၶဘာသာ ေခါင္းေဆာင္ဆု ခ်ီးျမွင့္

0
1666

အိႏၵိယႏိုင္ငံ၊ နတ္ဂ္ပူးၿမိဳ႕မွာ က်င္းပေနတဲ့ ႏိုင္ငံတကာ ဗုဒၶဘာသာလူငယ္ညီလာခံမွာ စစ္ကိုင္းၿမိဳ႕ အျပည္ျပည္ဆိုင္ရာ ဗုဒၶဘာသာပညာေရးစင္တာ (IBEC) ပဓာနနာယက ဆရာေတာ္ ဘဒၵႏၲေသာဘိတကို World Outstanding Buddhist Leader Award ဆုနဲ႔ Dr. B. R. Ambedkar International Buddhist Award ဆုတို႔ကို မေန႔က စက္တင္ဘာ ၂၄ ရက္ေန႔မွာ ခ်ီးျမွင့္ပါတယ္။

ႏိုင္ငံတကာ ဗုဒၶဘာသာလူငယ္ ညီလာခံကို စက္တင္ဘာ ၂၃ ရက္မွ ၂၇ ရက္အထိ က်င္းပေနတာျဖစ္ၿပီး ဗုဒၶဘာသာနဲ႔ ၿငိမ္းခ်မ္းေရးကိစၥေတြ၊ လူသားအက်ဳိးျပဳ လုပ္ငန္းေတြ ႀကိဳးစားေဆာင္ရြက္ခဲ့ၾကတဲ့ ပုဂၢိဳလ္ ၁၀ ဦးကို ေရြးခ်ယ္ ခ်ီးျမွင့္တာ ျဖစ္ပါတယ္။

ဆရာေတာ္ ဘဒၵႏၲ ေသာဘိတဟာ စစ္ကိုင္းေတာင္႐ိုးမွာ IBEC ဗုဒၶဘာသာပညာေရး စင္တာ၊ ကြၽန္းလွၿမိဳ႕မွာ သီတဂူ ဗုဒၶတကၠသိုလ္၊ နယ္သာလန္ႏိုင္ငံမွာ ႏိုင္ငံတကာ သာသနာျပဳ လုပ္ငန္းေတြနဲ႔ ပညာေရး အစီအစဥ္ေတြကို ဦးစီး လုပ္ေဆာင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆရာတော် ဘဒ္ဒန္တသောဘိတကို ကမ္ဘာ့ဗုဒ္ဓဘာသာ ခေါင်းဆောင်ဆု ချီးမြှင့်

အိန္ဒိယနိုင်ငံ၊ နတ်ဂ်ပူးမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာလူငယ်ညီလာခံမှာ စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောဘိတကို World Outstanding Buddhist Leader Award ဆုနဲ့ Dr. B. R. Ambedkar International Buddhist Award ဆုတို့ကို မနေ့က စက်တင်ဘာ ၂၄ ရက်နေ့မှာ ချီးမြှင့်ပါတယ်။

နိုင်ငံတကာ ဗုဒ္ဓဘာသာလူငယ် ညီလာခံကို စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပနေတာဖြစ်ပြီး ဗုဒ္ဓဘာသာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ လူသားအကျိုးပြု လုပ်ငန်းတွေ ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ် ၁၀ ဦးကို ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

ဆရာတော် ဘဒ္ဒန္တ သောဘိတဟာ စစ်ကိုင်းတောင်ရိုးမှာ IBEC ဗုဒ္ဓဘာသာပညာရေး စင်တာ၊ ကျွန်းလှမြို့မှာ သီတဂူ ဗုဒ္ဓတက္ကသိုလ်၊ နယ်သာလန်နိုင်ငံမှာ နိုင်ငံတကာ သာသနာပြု လုပ်ငန်းတွေနဲ့ ပညာရေး အစီအစဉ်တွေကို ဦးစီး လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)