ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္က ဘဂၤါလီေတြအတြက္ အေမရိကန္က အကူအညီ ၂ ဆ တိုးေပးမယ္

0
1519

ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းရွိ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ေတြအတြက္ အကူအညီကို အေမရိကန္က ၂ ဆ တိုးေပးမယ္လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ နစ္ကီဟာေလက မေန႔က စက္တင္ဘာ ၂၄ ရက္ေန႔မွာ ေၾကညာပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီအေနနဲ႔ ေနာက္ထပ္ အေမရိကန္ေဒၚလာ ၁၈၅ သန္း ေပးမွာျဖစ္ၿပီး ၁၅၆ သန္းက ဒုကၡသည္ေတြနဲ႔ လက္ခံထားတဲ့ အသိုင္းအဝိုင္းအတြက္ ျဖစ္တယ္လို႔ မစၥနစ္ကီဟာေလက ေျပာေၾကာင္း Reuters သတင္းမွာ ေဖာ္ျပထားပါတယ္။ အေမရိကန္က ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အကူအညီအေနနဲ႔ ေဒၚလာ ၃၈၉ သန္း ေပးခဲ့ၿပီး ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ဟာဆီနာက ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ေတြအတြက္ လိုအပ္တဲ့ ေငြပမာဏက အေမရိကန္ေဒၚလာ သန္း ၉၅၀ ျဖစ္ေပမယ့္ အခုအခ်ိန္အထိ ၃၃ ရာခိုင္ႏႈန္းသာ ရေသးတယ္လို႔ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ မေန႔က စက္တင္ဘာ ၂၄ ရက္မွာ က်င္းပတဲ့ ၇၃ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြ ညီလာခံမွာ ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေအတွက် အမေရိကန်က အကူအညီ ၂ ဆ တိုးပေးမယ်

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေအတွက် အကူအညီကို အမေရိကန်က ၂ ဆ တိုးပေးမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟာလေက မနေ့က စက်တင်ဘာ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီအနေနဲ့ နောက်ထပ် အမေရိကန် ဒေါ်လာ ၁၈၅ သန်း ပေးမှာဖြစ်ပြီး ၁၅၆ သန်းက ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ အသိုင်းအဝိုင်းအတွက် ဖြစ်တယ်လို့ မစ္စနစ်ကီ ဟာလေက ပြောကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်က ပြီးခဲ့တဲ့ နှစ်တွေမှာ အကူအညီအနေနဲ့ ဒေါ်လာ ၃၈၉ သန်း ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ငွေပမာဏက အမေရိကန်ဒေါ်လာ သန်း ၉၅၀ ဖြစ်ပေမယ့် အခုအချိန်အထိ ၃၃ ရာခိုင်နှုန်းသာ ရသေးတယ်လို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ မနေ့က စက်တင်ဘာ ၂၄ ရက်မှာ ကျင်းပတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)