
0
311




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး အာဆီယံအကောင်းဆုံးဆုရ

အာဆီယံအကောင်းဆုံး အမျိုးသမီး ဒိုင်လူကြီးဆုကို မြန်မာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး ဆွတ်ခူးရရှိခဲ့ပြီး စက်တင်ဘာ ၂၃ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒေါ်သိန်းသိန်းအေးဟာ ၂၀၁၆ ခုနှစ် ယူ-၂၀ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းလယ်ဒိုင် အဖြစ်သွားရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ဒိုင်လူကြီးတစ်ဦးဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သတင်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့က ဆုပေးပွဲမှာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်လည်း အာဆီယံဘောလုံးလောကအကျိုးပြု ထူးချွန်ဆု Goodwill Award ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)