
0
345



…………………. ။ ။ …………………….

အစိုးရနဲ့ UNFC ချင်းမိုင်မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြပါတယ်။

အခုလအတွင်း ကော်မရှင်နဲ့ DPN အဖွဲ့တို့ တရားဝင်တွေ့ဆုံဆွေးနွေးကြဖို့ရှိပေမယ့် အခုတော့ နှစ်ဘက် အလွတ်သဘောပဲ တွေ့ဆုံနိုင်ကြတာ ဖြစ်ပါတယ်။

အပစ်မရပ်တပ်ဖွဲ့တို့ရဲ့ UNFC အစည်းအဝေးတရပ်ကို အခုလဆန်းပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေဆဲ ဖြစ်တဲ့ အဆိုပြုချက် ၉ ချက်ကို Legal Binding အဖြစ် NCA နဲ့ အတူတကွ ဘယ်ပုံ ဘယ်နည်း သဘောတူလက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)