မႏၱေလး-လားရိႈး-မူဆယ္ ျပည္ေထာင္စု လမ္းမႀကီး ျပင္ေပးဖို႔ ကုန္သည္အသင္း ေတာင္းဆို

0
333

မႏၱေလး-လားရိႈး-မူဆယ္ ျပည္ေထာင္စု လမ္းမႀကီး ယိုယြင္းပ်က္စီးေနတဲ့အတြက္ ကုန္စည္စီးဆင္းမႈ ၾကန္႕ၾကာျခင္းမ်ားျဖစ္ျပီး ကုန္သည္မ်ား နစ္နာေနတဲ့အတြက္ ျပည္ေထာင္စု လမ္းမႀကီး ျပဳျပင္ေပးဖို႔ ကုန္သည္စက္မွုအသင္းခ်ဳပ္က ေတာင္းဆိုလိုက္ပါတယ္။

စက္တင္ဘာ ၂၃ ရက္ကျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္ဒုတိယသမၼတ ဦးျမင့္ေဆြ ဦးေဆာင္တဲ့ ပုဂၢလိကက႑ ဖြံ႕ျဖိဳးတိုးတက္ေရးေကာ္မတီနဲ႔ ပုဂၢလိကက႑ကိုယ္စားလွယ္မ်ား ၁၀ ႀကိမ္ေျမာက္ ပံုမွန္ အစည္းအေဝးမွာ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဒုဥကၠ႒ ဦးေဇာ္ေဇာ္က တင္ျပေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

သူက ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေဒသဟာ နယ္စပ္ကုန္သြယ္ေရးအတြက္ မူဆယ္ (၁၀၅) မိုင္နဲ႔ ခ်င္းေရႊေဟာ္ စခန္းႏွစ္ခုတို႔ကေန အမ်ားဆံုး ကုန္သြယ္မႈ ေဆာင္ရြက္လ်က္ရွိတယ္။

ျပည္ေထာင္စု လမ္းမႀကီးျဖစ္တဲ့ (မႏၱေလး-လားရိႈး-မူဆယ္) လမ္းမႀကီးဟာ ယိုယြင္းပ်က္စီးလာျခင္း၊ မိုးကာလမွာ ေတာင္ၿပိဳ၊ လမ္းေခ်ာ္မႈမ်ားရွိတဲ့အတြက္ ကုန္တင္ေနာက္တြဲ ယာဥ္ႀကီးမ်ား စက္ခ်ိဳ႕ယြင္းမႈမ်ား၊ တိမ္းေမွာက္မႈမ်ား မၾကာခဏျဖစ္ပြားေနတယ္။ ကုန္စည္စီးဆင္းမႈၾကန္႕ၾကာျခင္းမ်ားျဖစ္ျပီး ကုန္သည္မ်ား နစ္နာမႈမ်ား ႀကံဳေတြ႕ေနရတယ္။ ဒါ့ေၾကာင့္ ျပည္ေထာင္စု လမ္းမႀကီးကို ျပဳျပင္ေပးပါဆိုျပီး တင္ျပေျပာဆိုခဲ့တာ ျဖစ္တယ္လို႔ အသင္းခ်ဳပ္သတင္းမွာ ေဖာ္ျပပါတယ္။
……………………. ။ ။ ………………………

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး ပြင်ပေးဖို့ ကုန်သည်အသင်း တောင်းဆို

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး ယိုယွင်းပျက်စီးနေတဲ့အတွက် ကုန်စည်စီးဆင်းမှု ကြန့်ကြာခြင်းများဖြစ်ပြီး ကုန်သည်များ နစ်နာနေတဲ့အတွက် ပြည်ထောင်စု လမ်းမကြီး ပြုပြင်ပေးဖို့ ကုန်သည်စက်မှုအသင်းချုပ်က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၃ ရက်ကပြုလုပ်ခဲ့တဲ့ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ ၁၀ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဇော်ဇော်က တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သူက ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသဟာ နယ်စပ်ကုန်သွယ်ရေးအတွက် မူဆယ် (၁၀၅) မိုင်နဲ့ ချင်းရွှေဟော် စခန်းနှစ်ခုတို့ကနေ အများဆုံး ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိတယ်။

ပြည်ထောင်စု လမ်းမကြီးဖြစ်တဲ့ (မန္တလေး-လားရှိုး-မူဆယ်) လမ်းမကြီးဟာ ယိုယွင်းပျက်စီးလာခြင်း၊ မိုးကာလမှာ တောင်ပြို၊ လမ်းချော်မှုများရှိတဲ့အတွက် ကုန်တင်နောက်တွဲ ယာဉ်ကြီးများ စက်ချို့ယွင်းမှုများ၊ တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေတယ်။ ကုန်စည်စီးဆင်းမှုကြန့်ကြာခြင်းများဖြစ်ပြီး ကုန်သည်များ နစ်နာမှုများ ကြုံတွေ့နေရတယ်။ ဒါ့ကြောင့် ပြည်ထောင်စု လမ်းမကြီးကို ပြုပြင်ပေးပါဆိုပြီး တင်ပြပြောဆိုခဲ့တာ ဖြစ်တယ်လို့ အသင်းချုပ်သတင်းမှာ ဖော်ပြပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)