ဒုကၡသည္ ၆၀၀၀ ေက်ာ္အတြက္ စားနပ္ရိကၡာ ဆက္လက္ ေထာက္ပံ့ေပးဖို႔ CSSU ေတာင္းဆို

0
392

နိုင္ငံတကာအဖြဲ႕အစည္းေတြအေနနဲ႔ ရွမ္းျပည္အေရွ႕ေတာင္ပိုင္း ထိုင္းနယ္စပ္တေက်ာရွိ ဒုကၡသည္ စခန္း ၆ ခု က ဒုကၡသည္ ၆၀၀၀ ေက်ာ္အတြက္ စားနပ္ရိကၡာမ်ားအား ဆက္လက္ ေထာက္ပံ့ေပးဖို႔ ရွမ္းျပည္ညီညြတ္ေရးေကာ္မတီ CSSU က ေၾကျငာခ်က္ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ႏုိင္ငံတကာအဖြဲ႕အစည္းေတြက ေအာက္တိုဘာလကစျပီး တာခ်ီလိတ္ခရိုင္၊ မိုင္းဆတ္ခရိုင္၊ လင္းေခး ခရိုင္ အတြင္းရွိ ျပည္တြင္းစစ္ေဘးေရွာင္ ဒုကၡသည္ ၆၂၀၀ အတြက္ ပုံမွန္ ဆန္ ဆီ ဆား ေထာက္ပံ့ေပးေနတာေတြ ျဖတ္ေတာက္ေတာ့မယ္လို႔ စခန္းေကာ္မတီေတြဆီ အေၾကာင္း ၾကားထားပါတယ္။

စက္တင္ဘာ ၂၂ ရက္ ရက္စြဲနဲ႔ ရွမ္းျပည္ညီညြတ္ေရးေကာ္မတီ CSSU ရဲ႕ ထုတ္ျပန္ေတာင္း ဆိုခ်က္ထဲမွာ ရွမ္းျပည္နယ္အတြင္း ပဋိပကၡမ်ား ဆက္လက္ျဖစ္ပြားေနစဥ္အတြင္း ေထာက္ပံ့ မွုမ်ားကို ျဖတ္ေတာက္ျခင္း မျပဳဖို႔၊ ဒုကၡသည္ေတြ ေနရပ္ရင္းေဒသသို႔ လုံျခဳံစိတ္ခ်စြာ ျပန္ေနႏိုင္တဲ့အထိ ဒုကၡသည္မ်ားကို လူသားခ်င္း စာနာေထာက္ထားတဲ့ အကူအညီမ်ား ဆက္လက္ေထာက္ပံ့ေပးဖို႔ နိုင္ငံတကာအလွဴရွင္မ်ားထံ ပန္ၾကား ေတာင္းဆိုခဲ့ပါတယ္။
……………………… ။ ။ ………………………..

ဒုက္ခသည် ၆၀ဝ၀ ကျော်အတွက် စားနပ်ရိက္ခာ ဆက်လက် ထောက်ပံ့ပေးဖို့ CSSU တောင်းဆို

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ရှမ်းပြည်အရှေ့တောင်ပိုင်း ထိုင်းနယ်စပ်တကျောရှိ ဒုက္ခသည် စခန်း ၆ ခု က ဒုက္ခသည် ၆၀ဝ၀ ကျော်အတွက် စားနပ်ရိက္ခာများအား ဆက်လက် ထောက်ပံ့ပေးဖို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက အောက်တိုဘာလကစပြီး တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ လင်းခေး ခရိုင် အတွင်းရှိ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည် ၆၂၀ဝ အတွက် ပုံမှန် ဆန် ဆီ ဆား ထောက်ပံ့ပေးနေတာတွေ ဖြတ်တောက်တော့မယ်လို့ စခန်းကော်မတီတွေဆီ အကြောင်း ကြားထားပါတယ်။

စက်တင်ဘာ ၂၂ ရက် ရက်စွဲနဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ ထုတ်ပြန်တောင်း ဆိုချက်ထဲမှာ ရှမ်းပြည်နယ်အတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း ထောက်ပံ့ မှုများကို ဖြတ်တောက်ခြင်း မပြုဖို့၊ ဒုက္ခသည်တွေ နေရပ်ရင်းဒေသသို့ လုံခြုံစိတ်ချစွာ ပြန်နေနိုင်တဲ့အထိ ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီများ ဆက်လက်ထောက်ပံ့ပေးဖို့ နိုင်ငံတကာအလှူရှင်များထံ ပန်ကြား တောင်းဆိုခဲ့ပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)