စာအုပ္ျဖန္႔ခ်ိေရး အစိုးရက ေထာက္ပံ့ေပးဖို႔ ေတာင္းဆို

0
370

Social Media အသံုးျပဳမႈ ပ်ံ႕ႏွံ႕လာျပီး စာေပဖတ္ရႈမႈမ်ား နည္းပါးလာတဲ့အတြက္ ႏိုင္ငံတကာမွာလိုပဲ အစိုးရက အားေပးေထာက္ပံမႈေတြ ျပဳလုပ္ေပးဖို႔ ျမန္မာႏိုင္ငံစာေပ ထုတ္ေ၀သူႏွင့္ ျဖန္႕ခ်ိသူမ်ားအသင္း က ေတာင္းဆိုလိုက္ပါတယ္။

စက္တင္ဘာ ၂၃ ရက္က ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္ဒုတိယသမၼတ ဦးျမင့္ေဆြ ဦးေဆာင္တဲ့ ပုဂၢလိကက႑ ဖြံ႕ျဖိဳးတိုးတက္ေရးေကာ္မတီနဲ႔ ပုဂၢလိက က႑ကိုယ္စားလွယ္မ်ား ၁၀ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးမွာ အသင္း ဥကၠ႒ ေဒါက္တာသာထြန္းဦးက တင္ျပေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ စာေပေလာကမွာ ေတြ႕ႀကံဳေနရတဲ့ မူပိုင္ခြင့္ဆိုင္ရာ ျပႆနာမ်ား ေျဖရွင္းေပးဖို႔၊ စာအုပ္တန္ဖိုးမ်ား ေလ်ာ့နည္းသက္သာမွ စာေပဖတ္ရႈသူမ်ား တိုးပြားလာႏိုင္မွာျဖစ္လို႔ စာအုပ္မ်ား ေရာင္းခ်မႈ၊ တင္ပို႔မႈမ်ား ျပဳလုပ္ရာမွာ ကုန္သြယ္ခြန္ အခြန္အခမ်ားကို ကင္းလြတ္ (သို႔) ေလ်ာ့ခ်မႈမ်ား ျပဳေပးဖို႔၊ နယ္စာဖတ္ ပရိသတ္မ်ားအတြက္ စာတိုက္မ်ားက တဆင့္ စာအုပ္မ်ားကို ပို႕ေဆာင္ခ သက္သာစြာနဲ႔ လြယ္ကူစြာ တင္ပို႕ ႏိုင္ေအာင္ ေဆာင္ရြက္ေပးဖို႔ တင္ျပခဲ့တယ္လို႔ ကုန္သည္စက္မွုအသင္းခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။
…………………… ။ ။ ……………………

စာအုပ်ဖြန့်ချိရေး အစိုးရက ထောက်ပံ့ပေးဖို့ တောင်းဆို

Social Media အသုံးပြုမှု ပျံ့နှံ့လာပြီး စာပေဖတ်ရှုမှုများ နည်းပါးလာတဲ့အတွက် နိုင်ငံတကာမှာလိုပဲ အစိုးရက အားပေးထောက်ပံမှုတွေ ပြုလုပ်ပေးဖို့ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ ၁၀ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ အသင်း ဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးက တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စာပေလောကမှာ တွေ့ကြုံနေရတဲ့ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးဖို့၊ စာအုပ်တန်ဖိုးများ လျော့နည်းသက်သာမှ စာပေဖတ်ရှုသူများ တိုးပွားလာနိုင်မှာဖြစ်လို့ စာအုပ်များ ရောင်းချမှု၊ တင်ပို့မှုများ ပြုလုပ်ရာမှာ ကုန်သွယ်ခွန် အခွန်အခများကို ကင်းလွတ် (သို့) လျော့ချမှုများ ပြုပေးဖို့၊ နယ်စာဖတ် ပရိသတ်များအတွက် စာတိုက်များက တဆင့် စာအုပ်များကို ပို့ဆောင်ခ သက်သာစွာနဲ့ လွယ်ကူစွာ တင်ပို့ နိုင်အောင် ဆောင်ရွက်ပေးဖို့ တင်ပြခဲ့တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ထား ပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)