
0
314



………………………. ။ ။ ……………………..

မောင်တောမှာ မိုင်းတွေ့ ရွာမီးလောင်
မောင်တောမှာ လက်လုပ်မိုင်းတွေ ဆက်လက်ရှာဖွေတွေ့ရှိနေသလို ရွာတွေ မီးလောင်ကျွမ်းမှုတွေ လည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က တင်းမေကျေးရွာ ရပ်ကွက် ၂ ရှိ အဘူ ကာလောင် ၄၅ နှစ် နေထိုင်တဲ ့(လူမရှိ) နေအိမ်ခြံဝင်း အတွင်းကနေ အလျား ၉ လက်မ၊ အချင်း ၂ လက်မခန့်ရှိ သံပိုက်လုံးနဲ့ လုပ်ထားတဲ့ ရီမုပါ အသက်သွင်းပြီး လက်လုပ်ရီမုမိုင်း ၁ လုံးကို တွေ့ရှိခဲ့တယ်။

မောင်တောမြို့နယ် ဒီလ်ပါရာကျေးရွာ အရင်မီးလောင်ပြင်မှာ ကျန်ရှိတဲ့ လူမနေတဲ့ နေအိမ် ၅ လုံး စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့တယ်။
တရားခံဖမ်းဆီးရမိရေး မောင်တောမြို့မစခန်းမှာ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)