ျမဝတီ ေကာ့ေသာင္းနဲ႔ တာခ်ီလိတ္ၿမိဳ႕ေတြမွာ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးေတြ ဖြင့္

0
286

ျမန္မာ-ထိုင္းနယ္စပ္ ျမဝတီၿမိဳ႕ ၊ ေကာ့ေသာင္းၿမိဳ႕နဲ႔ တာခ်ီလိတ္ၿမိဳ႕ေတြမွာ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးေတြ စက္တင္ဘာ ၂၅ ဒီေန႔ကစလို႔ တခ်ိန္တည္းဖြင့္လွစ္ျပီး ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးသြားေတာ့မွာ ျဖစ္ပါတယ္။

တာခ်ီလိတ္ၿမိဳ႕မွာဖြင့္လွစ္မယ့္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး အဖြဲ႕႐ုံးခြဲမွာ ေနျပည္ေတာ္သတင္း ရဲတပ္ဖြဲ႕ ဒုရဲမွဴးႀကီး ေအးႏိုင္ဦးေဆာင္တဲ့ တပ္ဖြဲ႕ဝင္ ၈ ဦး ၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဦးစီးဌာနက ဝန္ထမ္း ၆ ဦးတို႔နဲ႔ ဖြဲ႕စည္းျပီး လုပ္ငန္းမ်ား ကုိေဆာင္ရြက္ေပးမယ္လို႔ ခရိုင္ေထြအုပ္ရံုးက သတင္းထုတ္ျပန္ထားပါတယ္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ ရွမ္း႐ိုးမကြင္းအေရွ႕၊ ေအာင္ခ်မ္းသာတိုက္တန္းမွာ ဖြင့္ထားတဲ့ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွာ ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္မယ္ဆိုရင္ ပထမဆုံး ျမန္မာ့စီးပြားေရး ဘဏ္မွာ က်ပ္ေငြ ၂ ေသာင္းသြင္းရမွာျဖစ္ျပီး ဘဏ္မွ ေငြသြင္း ျဖတ္ပိုင္းယူ၊ မွတ္ပုံတင္(မူရင္း)သန္းေခါင္ စာရင္း (အိမ္ေထာင္စု စာရင္း) နဲ႔ လာေရာက္ ေလွ်ာက္ထားရမွာပဲ ျဖစ္ပါတယ္။
……………………….. ။ ။ …………………………..

မြဝတီ ကော့သောင်းနဲ့ တာချီလိတ်မြို့တွေမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေ ဖွင့်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ၊ ကော့သောင်းမြို့နဲ့ တာချီလိတ်မြို့တွေမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ စက်တင်ဘာ ၂၅ ဒီနေ့ကစလို့ တချိန်တည်းဖွင့်လှစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးသွားတော့မှာ ဖြစ်ပါတယ်။

တာချီလိတ်မြို့မှာဖွင့်လှစ်မယ့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးခွဲမှာ နေပြည်တော်သတင်း ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး အေးနိုင်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၈ ဦး ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ဝန်ထမ်း ၆ ဦးတို့နဲ့ ဖွဲ့စည်းပြီး လုပ်ငန်းများ ကိုဆောင်ရွက်ပေးမယ်လို့ ခရိုင်ထွေအုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းအရှေ့၊ အောင်ချမ်းသာတိုက်တန်းမှာ ဖွင့်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိုင်ငံကူးလက်မှတ် လျှောက်မယ်ဆိုရင် ပထမဆုံး မြန်မာ့စီးပွားရေး ဘဏ်မှာ ကျပ်ငွေ ၂ သောင်းသွင်းရမှာဖြစ်ပြီး ဘဏ်မှ ငွေသွင်း ဖြတ်ပိုင်းယူ၊ မှတ်ပုံတင်(မူရင်း)သန်းခေါင် စာရင်း (အိမ်ထောင်စု စာရင်း) နဲ့ လာရောက် လျှောက်ထားရမှာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)