ကိုရီးယားက ျမန္မာေတြ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံဆႏၵျပ

0
276

ရခိုင္မွာ အၾကမ္းဖက္တိုက္ခိုက္ခဲ့တဲ့ ARSA အၾကမ္းဖက္သမားေတြကို ကန္႔ကြက္႐ႈတ္ခ်ပြဲနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံေၾကာင္း ဆႏၵျပပြဲတခုကို စက္တင္ဘာ ၂၄ ရက္က ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ ကုလသမဂၢ႐ုံးခြဲ ေ႐ွ႕မွာ ျပဳလုပ္ခဲ့ပါတယ္။

ဆႏၵျပပြဲကို ကိုရီးယားရွိ ျမန္မာ ၂၀၀၀ ေက်ာ္ ပါဝင္ ဆႏၵျပခဲ့ၾကျပီး ဆိုးလ္၊ ဘူခ်ြန္း၊ အင္ခြၽန္း၊ ဘူဆန္၊ ဂင္မဲ၊ ဂြမ္ဂ်ဴး၊ ေဖ်ာင္းထက္၊ ယြီဂြၽန္ဘူ၊ အန္ဆန္း၊ ၿမိဳ႕မ်ား႐ွိ ျမန္မာအသင္းအဖြဲ႔မ်ားနဲ႔ တက္ႂကြသူမ်ား စုေပါင္းပါဝင္ခဲ့ၾကတယ္လို႔ ကိုရီးယားကလာတဲ့ သတင္းေတြမွာ ေဖာ္ျပပါတယ္။

ကိုရီးယားေရာက္ ျမန္မာႏိုငိငံသားမ်ားရဲ႕ သေဘာထား ထုတ္ျပန္ေၾကညာခ်က္နဲ႔ ပိုစတာ ေႂကြးေၾကာ္ သံမ်ားကို ကိုရီးယား၊ အဂၤလိပ္၊ ျမန္မာ သုံးဘာသာနဲ႔ ေရးသား ျဖန္႔ေဝခဲ့ၾကျပီး ထုတ္ျပန္ေၾကညာခ်က္ကို ကုလသမဂၢ႐ုံး တာဝန္႐ွိသူထံသို႔ ေပးအပ္ခဲ့ၾကပါတယ္။
………………………. ။ ။ …………………….

ကိုရီးယားက မြန်မာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဆန္ဒပြ

ရခိုင်မှာအကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်သမားတွေကို ကန့်ကွက်ရှုတ်ချပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဆနပြပွဲတခုကို စက်တင်ဘာ ၂၄ ရက်က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ကုလသမဂ္ဂရုံးခွဲ ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို ကိုရီးယားရှိ မြန်မာ ၂၀ဝ၀ ကျော် ပါဝင် ဆန္ဒပြခဲ့ကြပြီး ဆိုးလ်၊ ဘူချွန်း၊ အင်ချွန်း၊ ဘူဆန်၊ ဂင်မဲ၊ ဂွမ်ဂျူး၊ ဖျောင်းထက်၊ ယွီဂျွန်ဘူ၊ အန်ဆန်း၊ မြို့များရှိ မြန်မာအသင်းအဖွဲ့များနဲ့ တက်ကြွသူများ စုပေါင်းပါဝင်ခဲ့ကြတယ်လို့ ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ကိုရီးယားရောက် မြန်မာနိုငိငံသားများရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်နဲ့ ပိုစတာ ကြွေးကြော် သံများကို ကိုရီးယား၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာနဲ့ ရေးသား ဖြန့်ဝေခဲ့ကြပြီး ထုတ်ပြန်ကြေညာချက်ကို ကုလသမဂ္ဂရုံး တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)