ေမာင္ေတာမွာ ဟိႏၵဴဘာသာဝင္  အေလာင္း  ၂၈ ေလာင္း တူးေဖာ္ရရွိ

0
323

ရခိုင္ျပည္နယ္၊ေမာင္ေတာၿမိဳ႕နယ္မွာ ဟိႏၵဴဘာသာဝင္  အေလာင္း  ၂၈ ေလာင္း တူးေဖာ္ရရွိခဲ့တယ္လို႔ အစိုးရက       သတင္းထုတ္ျပန္လိုက္ျပီး သူတို႔ကို  ARSA အစြန္းေရာက္ အၾကမ္းဖက္သမားေတြက သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုေရာက္ေနတဲ့၊ေမာင္ေတာၿမိဳ႕နယ္၊ရဲေဘာ္္က်ေက်းရြာေန ဟိႏၵဴဘာသာဝင္တဦးရဲ႔ ေျပာၾကားခ်က္အရ အဲ့ဒီရြာရဲ႔   အေနာက္ေျမာက္ဘက္ မီတာ ၁၂၀၀ အကြာ ေျမက်င္း အတြင္းကေန  စက္တင္ဘာလ ၂၄ ရက္ မနက္ပိုင္းမွာ  လူေသအေလာင္းေတြ      ျမႇဳပ္ထားတာကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ၾသဂုတ္လ ၂၅ ရက္ေန႔က ARSA အစြန္းေရာက္ အၾကမ္းဖက္သမား ၃၀၀ ခန္႔ဟာ ရဲေဘာ္က်ေက်းရြာရွိ အမ်ဳိးသား၊ အမ်ဳိးသမီး ၁၀၀     ဦးခန္႔အား ဖမ္းဆီးေခၚေဆာင္သြားခဲ့ျပီး သတ္ျဖတ္ခဲ့ၾကတာလို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

တူးေဖာ္ရရွိတဲ့ ႐ုပ္အေလာင္းေတြကို  လိုအပ္တဲ့ စစ္ေဆးမႈမ်ားျပဳလုပ္ျပီး ရွာေဖြမႈမ်ား ဆက္လက္ ျပဳလုပ္သြားမယ္လို႔သတင္းမွာ ေဖာ္ျပပါတယ္။

အစိုးရက ရခိုင္မွာလုပ္မယ့္ အခ်က္ ၁၁ခ်က္ထဲမွာ  ARSA အၾကမ္းဖက္သမားေတြရဲ႔  တိုက္ခိုက္တာခံရတဲ့  တမန္းသားေက်းရြာက ေပ်ာက္ဆုံးေနတဲ့ ဟိႏၵဴဘာသာဝင္ ၉၃ ဦး အေျခအေန အျမန္ဆုံး သိရွိႏုိင္ဖို႔ အတြက္ ရွာေဖြမႈတိုးျမွင့္ေဆာင္ရြက္ရမယ္လို႔ မၾကာေသးခင္က     ထုတ္ျပန္ေျပာဆိုထားျပီး အခုလို ဟိႏၵဴဘာသာဝင္အေလာင္းေတြ တူးေဖာ္ေတြ႔ရွိတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမှာ ဟိန္ဒူဘာသာဝင် အလောင်း ၂၈ လောင်း တူးဖော်ရရှိ

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင် အလောင်း ၂၈ လောင်း တူးဖော်ရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပြီး သူတို့ကို ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့၊မောင်တောမြို့နယ်၊ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်တဦးရဲ့ ပြောကြားချက်အရ အဲ့ဒီရွာရဲ့ အနောက်မြောက်ဘက် မီတာ ၁၂၀ဝ အကွာ မြေကျင်း အတွင်းကနေ စက်တင်ဘာလ ၂၄ ရက် မနက်ပိုင်းမှာ လူသေအလောင်းတွေ မြှုပ်ထားတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀ဝ ခန့်ဟာ ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀ဝ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သတ်ဖြတ်ခဲ့ကြတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

တူးဖော်ရရှိတဲ့ ရုပ်အလောင်းတွေကို လိုအပ်တဲ့ စစ်ဆေးမှုများပြုလုပ်ပြီး ရှာဖွေမှုများ ဆက်လက် ပြုလုပ်သွားမယ်လို့သတင်းမှာ ဖော်ပြပါတယ်။

အစိုးရက ရခိုင်မှာလုပ်မယ့် အချက် ၁၁ချက်ထဲမှာ ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်တာခံရတဲ့ တမန်းသားကျေးရွာက ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေ အမြန်ဆုံး သိရှိနိုင်ဖို့ အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရမယ်လို့ မကြာသေးခင်က ထုတ်ပြန်ပြောဆိုထားပြီး အခုလို ဟိန္ဒူဘာသာဝင်အလောင်းတွေ တူးဖော်တွေ့ရှိတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)