ရခိုင်တိုက်ခိုက်ခံရတာကို အမေရိကန်သံရုံး ပြစ်တင်ရှုတ်ချ

0
382

ရန်ကုန်၊အမေရိကန်သံရုံးက ရခိုင်မှာ လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ရှုတ်ချလိုက်ပြီး ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူတွေနဲ့ မိသားစုတွေအတွက် ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

ကျူးလွန်သူများကို လက်ရဖမ်းဆီး မိရေးနဲ့ နောက်ထပ် အကြမ်းဖက်မှုများ မဖြစ်ပွားရေးအတွက် အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့များက အရေးယူဆောင်ရွက်ရန် တာဝန်ရှိကြောင်း နားလည်အသိအမှတ်ပြုတယ်။

အပြစ်မဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးနိုင်ရန်အတွက် လက်ရ ဖမ်းဆီးနိုင်ရေးနဲ့ နောက်ထပ် အကြမ်းဖက်မှု မဖြစ်ပွားရေးတို့ကို ဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်လို့လည်း အမေရိကန်သံရုံးကြေညာချက်မှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)