ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှုအရေးကြီးအဆို လွှတ်တော်ရဲ့ ပယ်ချခံရ

0
402

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပါတ်သက်တဲ့ အရေးကြီးဆိုကို ပြည်သူ့လွှတ်တော်က ပယ်ချလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ပျော်ဖွယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက သြဂုတ်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။

ဒီလို အဆိုတင်သွင်းခွင့်မရတဲ့ အပေါ် လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးတာထက် ရခိုင်ဒေသအတွက် စိတ်မကောင်း ဖြစ်မိတယ်လို့  ဦးအေးသောင်းက မီဒီယာတွေကို ပြောပါတယ်။

ရခိုင်ပြည်နယ်မောင်တောဒေသမှာ သြဂုတ်လ ၂၄ ရက်နေ့ညနဲ့ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တပ်မတော်သာနဲ့ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး အကြမ်းဖတ်သမား ၅၉ ဦးသေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)