ရခိုင်မှာ ရဲကင်း ၃၀ တိုက်ခံရပြီး လူ ၁၁ဦး သေ အကြမ်းဖက်သမား ၅၉ ဦးသေဆုံး

0
326

ရခိုင်မှာ တိုက်ခိုက်ခံရတဲ့ ကင်းစခန်း ၃၀ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးခဲ့တယ်လို့ (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ညနေ၄နာရီလောက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဆုံးရှုံးလက်နက် ၆လက်ရှိပြီး အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်းနဲ့ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား ၁ဦး အရှင်ဖမ်းမိထားပါတယ်။

သတင်းထုတ်ပြန်ချိန်အထိ တိုက်ခိုက်မှုတွေဖြစ်ပွားနေတုန်းဖြစ်ပြီး အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှုအပြင် သူတို့ နေထိုင်တဲ့ အိမ်တွေကို မီးရှို့ ဖျက်ဆီးထွက်ပြေးနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများဟာ သြဂုတ် ၂၅ ရက် ဒီနေ မနက် အာရုဏ်တက်ချိန်ကစပြီး မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နဲ့ ရသေ့တောင် မြို့နယ်အတွင်းရှိ လုံခြုံရေး ဆောင်ရွက် နေတဲ့ ရဲကင်းစခန်းများကို တစ်ချိန်တည်း အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)