0
330
 Harakah al-Yaqin, or “Faith Movement” လို့ လူသိများတဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့က  သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်း တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်ပြီး တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ARSA ရဲ့ Twitter မှာ သတိပေးထားပါတယ်။
သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ အကြမ်းဖက်အဖွဲ့ဝင် အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ပါတယ်။
အကြမ်းဖက်သမားတွေဟာ စစ်တပ်အခြေစိုက်စခန်းတစ်ခုနဲ့ ရဲစခန်း ၂၄ ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်ထဲကတောင်တွေမှာ နယ်မြေရှင်းလင်းမှုတွေလုပ်ဆောင်ပြီးနောက် အခုလ အတွင်းမှာ အခြေနေတွေ ဆိုးရွားလာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ရဲမှုးကြီး မျိုးသူစိုးက “အကြမ်းဖက်သမားတွေရဲ့ စခန်းတွေ၊ ဗုံးတွေနဲ့ မျက်နှာဖုံးတွေကို ရှာတွေခဲ့တာကြောင့် တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေခဲ့တာဖြစ်တယ်”လို့ပြောပါတယ်။
(ARSA)အဖွဲ့ဟာ ပြီးခဲ့နှစ် အောက်တိုဘာလကလည်း အစိုးရ အဆောက်အဦးတွေနဲ့ ရဲစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ခဲ့ဖူးပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)