ရခိုင်မှာ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့်   နိုင်ငံဝန်ထမ်း ၁၀ ဦးကျော် သေဆုံးမှုရှိလာဟု အစိုးရဆို

0
286

နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် နိုင်ငံဝန်ထမ်း ၁၀  ဦးကျော်အထိ သေဆုံးမှုတွေ ရှိလာပြီလို အစိုးရနဲ့ တပ်မတော်က တရားဝင် သတင်းထုတ်ပြန်လာပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ညနဲ့ ၂၅ ရက်နေ့ မနက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦး သတ်ဖြတ်ခံခဲ့ရတာပါ။

ဒီအကြမ်းဖက်မှု ဖြစ်စဉ် အတွင်း  လက်နက်ငယ် ၆ လက်နဲ့ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးခဲ့တယ်လို့လည်း အစိုးရရဲ့ သတင်းထုတ်ပြန်ချက်က ဆိုတာပါ။

 ဒီကြမ်းဖက်တိုက်ခိုက်မှုအတွင်း အစွန်းရောက် အကြမ်းဖက်သမား ၁၆ ဦးကို အသေဖမ်းဆီးခဲ့နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တပ်မတော်ရဲ့ သတင်း ထုတ်ပြန်မှုအတွင်းမှာတော့ အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အကြမ်းဖက်သမား ၂၁ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ရရှိခဲ့တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်မှာတွေ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)