မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း ရွှေတံဆိပ်ဆုရ

0
390

မလေးရှား ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီး ပိုက်ကျော်ခြင်း ၄ ယောက်တွဲပြိုင်ပွဲမှာ မြန်မာ အမျိုးသမီးအသင်းက ဗီယက်နမ် အသင်းကို အနိုင်ရပြီး ပထမရွှေတံဆိပ်ဆု ရရှိသွားပါတယ်။

မြန်မာအမျိုးသား အသင်းကတော့ ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ ထိုင်းကို ရှုံးပြီး ငွေတံဆိပ်ဆုသာ ရရှိသွားပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှာ သြဂုတ် ၂၅ ရက်နေ့ နေလည်ပိုင်း အထိ မလေးရှားနိုင်ငံဟာ ရွှေ ၆၃ ခု၊ ငွေ ၄၅ ခု၊ ကြေး ၃၈ ခုနဲ့ စုစုပေါင်း ၁၄၆ ခု ရရှိထားပြီး မြန်မာ ကတော့ ရွှေ ၅ ခု ၊ ငွေ ၆ခု နဲ့ ကြေး ၁၁ ခု ရရှိထားတယ်လို့ ဝီးကီးပီးဒီယား မှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)