ဆက်သွယ်ရေးဥပဒေ လွှတ်တော် နှစ်ရပ်မှာ ပြင်ပြီး

0
304

ဆက်သွယ်ရေးဥပေဒပုဒ်မ ၆၆ ဃ ကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီဖြစ်ပြီး အာမခံပေးဖို့နဲ့ ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်အပြစ်ပေးဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

သြဂုတ် ၂၄ ရက် အမျိုးသားလွှတ်တော်မှာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ ဥပဒေကို အမျိုးသားလွှတ်တော်ကလည်း ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်တာဖြစ်ပါတယ်။

လွှတ်တော်နှစ်ရပ်စလုံးက ဆက်သွယ်ရေးဥပဒေကို ပယ်ဖျက်ဖို့ ငြင်းဆိုခဲ့ကြပြီး အာမခံပေးဖို့နဲ့ ပြစ်ဒဏ်လျှော့ချဖို့ပဲ ပြင်ဆင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
အစိုးရသစ်လက်ထက် နာမည်ကြီးလာတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲခံထားရသူပေါင်း သြဂုတ် လလယ်အထိ ၉၀ ကျော် ရှိသွားပြီလို့ ဆက်သွယ်ရေး ဥပဒေသုတေသနအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)