၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် မရှိလို့ ဝန်ကြီး ဦးသိန်းဆွေ ပြော

0
294

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့ အကြံပြုထားပေမယ့် ဥပဒေကို ပြင်ဆင်ဖို့ အကြောင်းမရှိဘူးလို့ အလုပ်သမား၊ အလုပ်ကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မနေ့က သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီး မီဒီယာသမားတွေကို ဝန်ကြီး ဦးသိန်းဆွေက အဲလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မနေ့က မစ္စတာ ကိုဖီအာနန်နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေဟာ တည်ဆဲဥပဒေဖြစ်ပြီး ယင်းဥပဒေနဲ့ အညီ လုပ်ဆောင်ရန် လိုအပ်မှု၊ ရခိုင်ဒေသရှိ ဘင်္ဂါလီ အားလုံး မှတ်ပုံတင်ဖို့ လိုအပ်မှု၊ NVC ကတ်ဟာ ယင်းဘင်္ဂါလီများရဲ့ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသား ပြုခွင့်ပေးရေးအတွက် အခြေခံလိုချက် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)