ကုန်သွယ်ရေးကဏ္ဍမှာ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသွားဖို့ ရှိ

0
252

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍမှာ ဗီယက်နမ်နိုင်ငံက ရင်းနှီးမြှပ်နှံသွားဖို့ ရှိတယ်လို့ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

သြဂုတ်လ ၂၄ ရက်နေ့ညက နိုင်ငံတော်သမ္မတ ဦးထင်ကျော် တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြု ညစာစားပွဲမှာ အဲ့ဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီပြောကြားချက်တွေထဲမှာတော့ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအနေနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက် သွားဖို့အတွက် ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေး ထည့်သွင်းထား တယ်လို့လည်း ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)