မြန်မာနိုင်ငံကို ပြန်လာတဲ့ ကယန်းတိုင်းရင်းသားတွေကို ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ

0
171

အိမ်နီးချင်း ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပန်ပက်ဒေသရှိ ကယန်းတိုင်းရင်းသားတွေနဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြန်တော်ပြန် ကယန်းတိုင်းရင်းသားတွေက ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံလိုကြောင်း တင်ပြလာတဲ့အတွက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နဲ့အတူ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံစဉ် ကယားပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်ပြန် ကယန်း တိုင်းရင်းသားအတွက် စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို လုပ်ငန်းရှင်တွေနဲ့ ကယားပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး မူဘောင်နဲ့အညီ ဖော်ဆောင်ပေးနေကြောင်း ရှင်းပြခဲ့ပါတယ်။


___________________

___________________

မြန်မာနိုင်ငံကို ပြန်လာတဲ့ ကယန်းတိုင်းရင်းသားတွေကို ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ

အိမ်နီးချင်း ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပန်ပက်ဒေသရှိ ကယန်းတိုင်းရင်းသားတွေနဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြန်တော်ပြန် ကယန်းတိုင်းရင်းသားတွေက ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံလိုကြောင်း တင်ပြလာတဲ့အတွက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နဲ့အတူ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့တာပါ။  

တွေ့ဆုံစဉ် ကယားပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်ပြန် ကယန်း တိုင်းရင်းသားအတွက် စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို လုပ်ငန်းရှင်တွေနဲ့ ကယားပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး မူဘောင်နဲ့အညီ ဖော်ဆောင်ပေးနေကြောင်း ရှင်းပြခဲ့ပါတယ်။  

ဒါ့အပြင် ပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေမှ ထိုင်းနိုင်င်ငံကနေ ကယားပြည်နယ်သို့ ဝင်ရောက်လာတဲ့ ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ဒေသမှာ နေထိုင်တဲ့ နေရပ်ပြန် ကယန်း တိုင်းရင်းသားတွေကို ကယားပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုတဲ့ သဘောထားတွေကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)