ဟောင်ကောင်မှာ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူ

0
137

COVID-19 ကပ်ရောဂါ ကာလအတွင်း လေကြောင်းခရီးစဉ်တွေ ယာယီရပ်ဆိုင်းမှုကြောင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ ပိတ်မိနေတဲ့ မြန်မာသင်္ဘောသားတွေနဲ့ မြန်မာကျောင်းသားတွေကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MIA) စင်းလုံးငှား အထူးလေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ဆိုက်ကပ်ထားတဲ့ ဂရိသင်္ဘောကုမ္ပဏီ SEA Traders S.A ပိုင် MV LIMNOS သင်္ဘောပေါ်မှာ တာဝန်ပြီးဆုံးလို့ ဟောင်ကောင်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးနဲ့ ပညာသင်ကာလပြီးဆုံးတဲ့ မြန်မာကျောင်းသား သုံးဦး၊ စုစုပေါင်း ၂၅ ဦးဟာ အဲဒီ သင်္ဘောကုမ္ပဏီနဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ MAI စင်းလုံးငှား အထူးလေယာဉ်နဲ့ ဇူလိုင်လ ၂၄ ရက်နေ့ ညမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါတယ်။

နိုငငြံတကာခရီးသညတြငြ လယောဉမြွားပွံသနြးမှု ယာယီရပဆြိုငြးထားလို့ ပှညပြနိုငငြံ အသီးသီးမှာ ပိတမြိပှီး အခကအြခဲကှုံတှေ့နကှတေဲ့ မှနမြာနိုငငြံသားတှကေို ပှနလြညြ ခေါဆြောငခြဲ့ရာမှာ ဒီနေ့ အခွိနအြထိ မှနမြာနိုငငြံသားဦးရေ စုစုပေါငြး ၈၅၅၆ ဦး ရှိသှားပှီ ဖှဈပါတယြ။

__________________

__________________


COVID-19 ကပ်ရောဂါ ကာလအတွင်း လေကြောင်းခရီးစဉ်တွေ ယာယီရပ်ဆိုင်းမှုကြောင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ ပိတ်မိနေတဲ့ မြန်မာသင်္ဘောသားတွေနဲ့ မြန်မာကျောင်းသားတွေကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MIA) စင်းလုံးငှား အထူးလေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ဆိုက်ကပ်ထားတဲ့ ဂရိသင်္ဘောကုမ္ပဏီ SEA Traders S.A ပိုင် MV LIMNOS သင်္ဘောပေါ်မှာ တာဝန်ပြီးဆုံးလို့ ဟောင်ကောင်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးနဲ့ ပညာသင်ကာလပြီးဆုံးတဲ့ မြန်မာကျောင်းသား သုံးဦး၊ စုစုပေါင်း ၂၅ ဦးဟာ အဲဒီ သင်္ဘောကုမ္ပဏီနဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ MAI စင်းလုံးငှား အထူးလေယာဉ်နဲ့ ဇူလိုင်လ ၂၄ ရက်နေ့ ညမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားလို့ ပြည်ပနိုင်ငံ အသီးသီးမှာ ပိတ်မိပြီး အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ဆောင်ခဲ့ရာမှာ ဒီနေ့ အချိန်အထိ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၈၅၅၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)