
0
220




>>>>>>>>>>>>>>>>>>>>>>>

စစ်တောင်းနဲ့ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေ

မနေ့က ဇူလိုင် ၂၄ ရက်နေ့ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေနဲ့ သံလွင်မြစ်ရေတို့ဟာ နောက်ထပ် နှစ်ရက်အထိ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်ရောက်ရှိမှာ ဖြစ်ပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ ၂ ပေခန့် စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေပြီး နောက် နှစ်ရက်အတွင်း ၁ ပေခွဲအထိ ဆက်လက် တက်လာနိုင်ပါတယ်။ သံလွင်မြစ်ရေဟာလည်း ဘားအံမြို့မှာ ၃ ပေခန့် စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေပြီး နောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်ပါတယ်။

ဒါကြောင့် မဒေါက်မြို့နဲ့ ဘားအံမြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ အနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)