ပုဂံ ညောင်ဦးမှာ ဟိုတယ်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ရ

0
197

ပုဂံ ညောင်ဦး ယဉ်ကျေးမှုဇုန်မှာ COVID-19 ကပ်ရောဂါ ကာလအတွင်း ပိတ်ထားတဲ့ ဟိုတယ်တွေနဲ့၊ တည်းခိုရိပ်သာ တချို့ကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တွေကနေ ပြန်လည် ဖွင့်လှစ်ခွင့်ပြုဖို့ တင်ပြခဲ့တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးခဲ့ပြီး စံသတ်မှတ်မှုနဲ့ ကိုက်ညီတဲ့ ဟိုတယ်အလုံး ၂၀ ကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဟိုတယ်တွေ၊ တည်းခိုရိပ်သားတွေကို စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့် ပေးသွားမှာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ ၂၉၃ အထိရှိနေပြီး ပြန်လည်ပြီး ပိုးကင်းစင်လာသူ ၂၀၈ ဦးအထိ ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

___________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)