နေအိမ်တွေအတွင်း လက်ကိုင်ဖုန်း ဝင်ရောက် ခိုးယူသူတစ်ဦးကို ဖမ်းဆီးရမိ

0
298

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်းရှိ နေအိမ်တွေကနေ လက်ကိုင်ဖုန်းတွေ ခိုးယူသူတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲက တပ်ဖွဲ့ဝင်တွေဟာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းတွေ စုံစမ်းဆောင်ရွက်နေစဉ် ဖုန်းခိုးမှုတွေ ကျူးလွန်ထားကြောင်း ကြိုတင် သတင်းရရှိထားသူ ထွန်းထွန်းအောင် (ခ) ကုလားကို ရှမ်းချောင်းကျေးရွာ၊ ဆိပ်ကမ်းသာ လမ်းမပေါ်မှာ တွေ့ရှိလို့ စစ်ဆေးရာ လက်အတွင်း ကိုင်ဆောင်ထားတဲ့ Mi 6A အမျိုးအစား ဖုန်း တစ်လုံးမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်းက အဲဒီ လမ်းမဘေးရှိ နေအိမ်တစ်အိမ်အတွင်းက ခိုးယူလာခဲ့တာ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ထွန်းထွန်းအောင် (ခ) ကုလားကို တခြား ခိုးမှုတွေ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ အသေးစိတ် ထပ်မံစစ်ဆေးခဲ့ရာမှာတော့ ၂၀၂၀ ပြည့်နှစ်၊ မေလနဲ့ ဇွန်လအတွင်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရှမ်းချောင်းရွာ နေအိမ်တွေအတွင်းက လက်ကိုင်ဖုန်း အမျိုးမျိုး ခြောက်လုံးကို ခိုးယူခဲ့တယ်လို့ စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။

စဈဆေး ပေါပြေါကခြကွအြရ အမှုမှ သကသြခေံပဈစညြး လကကြိုငဖြုနြးတှကေို ပှနလြညြ သိမြးဆညြး ရရှိပှီးဖှဈလို့ ခိုးမှုကွူးလှနသြူ ထှနြးထှနြးအောငြ (ခ) ကုလားကို ဥပဒနေဲ့အညီ အမှနတြရားစှဲ တငပြို့နိုငရြေး ဆောငရြှကနြပေါတယြ။

__________________

__________________


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်းရှိ နေအိမ်တွေကနေ လက်ကိုင်ဖုန်းတွေ ခိုးယူသူတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲက တပ်ဖွဲ့ဝင်တွေဟာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းတွေ စုံစမ်းဆောင်ရွက်နေစဉ် ဖုန်းခိုးမှုတွေ ကျူးလွန်ထားကြောင်း ကြိုတင် သတင်းရရှိထားသူ ထွန်းထွန်းအောင် (ခ) ကုလားကို ရှမ်းချောင်းကျေးရွာ၊ ဆိပ်ကမ်းသာ လမ်းမပေါ်မှာ တွေ့ရှိလို့ စစ်ဆေးရာ လက်အတွင်း ကိုင်ဆောင်ထားတဲ့ Mi 6A အမျိုးအစား ဖုန်း တစ်လုံးမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်းက အဲဒီ လမ်းမဘေးရှိ နေအိမ်တစ်အိမ်အတွင်းက ခိုးယူလာခဲ့တာ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ထွန်းထွန်းအောင် (ခ) ကုလားကို တခြား ခိုးမှုတွေ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ အသေးစိတ် ထပ်မံစစ်ဆေးခဲ့ရာမှာတော့ ၂၀၂၀ ပြည့်နှစ်၊ မေလနဲ့ ဇွန်လအတွင်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရှမ်းချောင်းရွာ နေအိမ်တွေအတွင်းက လက်ကိုင်ဖုန်း အမျိုးမျိုး ခြောက်လုံးကို ခိုးယူခဲ့တယ်လို့ စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။

စစ်ဆေး ပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း လက်ကိုင်ဖုန်းတွေကို ပြန်လည် သိမ်းဆည်း ရရှိပြီးဖြစ်လို့ ခိုးမှုကျူးလွန်သူ ထွန်းထွန်းအောင် (ခ) ကုလားကို ဥပဒေနဲ့အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)