ICJ က ချမှတ်တဲ့အတိုင်း မြန်မာက အစီရင်ခံစာတင်သွင်းမှု အပြုသဘောဆောင် တိုးတက်မှုအဖြစ် ကြိုဆိုကြောင်း ဂမ်ဘီယာပြော

0
562

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာနိုင်ငံက အစီရင်ခံစာ တင်သွင်းမှုဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် ကြိုဆိုရမှာ ဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောပါတယ်။

ICJ ထံ မြန်မာနိုင်ငံက မေလ ၂၃ ရက်နေ့မှာ ပထမဆုံး အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပြီး အဲဒီ အစီရင်ခံစာကို လေ့လာသုံးသပ်နေတယ်လို့ ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး တမ်ဘာဒိုက VOA သတင်းဌာနကို ဖြေကြားထားတာပါ။

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ အချက်တွေ အနက် တရားသူကြီးအဖွဲ့ရဲ့ အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့ ကြားဖြတ် အစီအမံ (Provisional Measures) လေးချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ချမှတ်ပေးခဲ့ပါတယ်။

ကြားဖြတ်အစီအမံ လေးချက်ကတော့ (၁) မြန်မာနိုင်ငံက ဂျီနိုဆိုက် ကွန်ဗင်းရှင်းပါ တာဝန်များနဲ့အညီ ရိုဟင်ဂျာအုပ်စုမှာ ပါဝင်သူတွေကို စွမ်းနိုင်သမျှ ဆောင်ရွက်ပေးဖို့၊ ရိုဟင်ဂျာအုပ်စုမှာ ပါဝင်သူတွေကို သတ်ဖြတ်ခြင်း၊ ကြီးလေးတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိအောင်၊ ရည်ရွယ်ချက် ရှိရှိ ပျက်စီးထိခိုက်အောင် မလုပ်ဖို့၊ ကလေးမမွေးဖွားနိုင်အောင် မလုပ်ဖို့၊ (၂) မြန်မာအစိုးရက တပ်မတော်၊ တခြား လက်နက်ကိုင် အဖွဲ့တွေ၊ ပံ့ပိုးနိုင်တဲ့အဖွဲ့တွေ၊ ထိန်းချုပ်နိုင်သူ၊ သြဇာရှိသူတွေက ကျူးလွန်းမှုတွေ ထပ်မလုပ်ပ်ဖို့၊ လှုံ့ဆော်တာ၊ ဂျီနိုဆိုက်ဖြစ်အောင် ကြံစည်တာ၊ ကြိုးစားတာ၊ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ (၃) မြန်မာနိုင်ငံက ထိရောက်တဲ့ အစီမံတွေ လုပ်ဆောင်ပေးဖို့၊ ကျူးလွန်းခဲ့တဲ့ သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းထားပေးဖို့၊ (၄) မြန်မာနိုင်ငံကက အစီရင်ခံစာ တင်သွင်းဖို့၊ ဘာအစီအမံတွေ လုပ်ဆောင်ထားသလဲ ဆိုတာ ပြည့်ပြည့်စုံစုံ လေးလအတွင်း တင်သွင်းဖို့၊ လေးလပြည့်ပြီးနောက်ပိုင်း ခြောက်လ တစ်ကြိမ် နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့အထိ တင်သွင်းပေးဖို့တို့ ဖြစ်ပါတယ်။

_____________________

_____________________

ICJ က ချမှတ်တဲ့အတိုင်း မြန်မာက အစီရင်ခံစာတင်သွင်းမှု အပြုသေဘာဆောင် တိုးတက်မှုအဖြစ် ကြိုဆိုကြောင်း ဂမ်ဘီယာပြော

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)