မေ့ဆေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်စိန် ဆေးရုံက ဆင်းခွင့်ရရှိ

0
240

COVID-19 လူနာအမှတ် ၃၀ ဖြစ်တဲ့ ပြည်ဆေးရုံကြီးက မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်စိန်ဟာ ရောဂါပိုး ကင်းစင်သွားပြီဖြစ်လို့ ဝေဘာဂီ အထူးကုဆေးရုံကြီးကနေ ဒီကနေ့ မေလ ၂၅ ရက်နေ့မှာ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒေါက်တာ မြင့်မြင့်စိန်ဟာ ပြည်မြို့က ခုတင် ၅၀၀ ဆေးရုံမှာ COVID-19 ရောဂါဖြစ်ပွားနေသူ လူနာတစ်ဦးကို ဆေးကုသပေးရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက် စုစုပေါင်း ၂၀၁ ဦး၊ ပိုးကင်းစင်သူ ၁၂၂ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရရှိသူ အရေးအတွက် ၁၀၉ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ ၆ ဦးနဲ့ပဲ ရပ်တန့်နေတာ ဖြစ်ပါတယ်။

___________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)