ပြည်ပက တင်သွင်းခွင့်မပြုတဲ့ ကုန်စည်တွေထဲမှာ အရက်ကို ပယ်ဖျက်ပေး

0
161

ပြည်ပက တင်သွင်းခွင့်မပြုတဲ့ ကုန်ပစ္စည်းတွေထဲမှာ အရက်မပါဝင်တော့တဲ့ အမိန့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နဂိုက အရက်၊ ဘီယာ၊ စီးကရက်ကို ပြည်ပက တင်သွင်းခွင့်မပြုတဲ့ ကုန်ပစ္စည်းတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး ဒီကနေ့ မေလ ၂၅ ရက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၂၀ မှာတော့ ကန့်သတ်တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ အရက် မပါဝင်လာတော့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘီယာနဲ့ စီးကရက်တွေကတော့ ပြည်ပက တင်သွင်းခွင့်မပြုတဲ့ ကုန်ပစ္စည်းတွေအဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရည်အသွေး အာမခံနိုင်တဲ့ ကုန်ပစ္စည်းတွေ ရောင်းချသုံးဆောင်နိုင်ဖို့၊ တရားမဝင် တင်သွင်းမှုကို ထိန်းချုပ်နိုင်ဖို့၊ နိုင်ငံတော်အတွက် အခွန်အခတွေ အပြည့်အဝရှိဖို့နဲ့ ပြည်တွင်းစျေးကွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ပြည်လည် တင်ပို့ခွင့်ပြုလိုက်တာလို့ ပြည်ပက အရက် တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

___________________

___________________

ပြည်ပက တင်သွင်းခွင့်မပြုတဲ့ ကုန်စည်တွေထဲမှာ အရက်ကို ပယ်ဖျက်ပေး 

ပြည်ပက တင်သွင်းခွင့်မပြုတဲ့ ကုန်ပစ္စည်းတွေထဲမှာ အရက်မပါဝင်တော့တဲ့ အမိန့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နဂိုက အရက်၊ ဘီယာ၊ စီးကရက်ကို ပြည်ပက တင်သွင်းခွင့်မပြုတဲ့ ကုန်ပစ္စည်းတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး ဒီကနေ့ မေလ ၂၅ ရက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၂၀ မှာတော့ ကန့်သတ်တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ အရက် မပါဝင်လာတော့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘီယာနဲ့ စီးကရက်တွေကတော့ ပြည်ပက တင်သွင်းခွင့်မပြုတဲ့ ကုန်ပစ္စည်းတွေအဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရည်အသွေး အာမခံနိုင်တဲ့ ကုန်ပစ္စည်းတွေ ရောင်းချသုံးဆောင်နိုင်ဖို့၊ တရားမဝင် တင်သွင်းမှုကို ထိန်းချုပ်နိုင်ဖို့၊ နိုင်ငံတော်အတွက် အခွန်အခတွေ အပြည့်အဝရှိဖို့နဲ့ ပြည်တွင်းဈေးကွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ပြည်လည် တင်ပို့ခွင့်ပြုလိုက်တာလို့ ပြည်ပက အရက် တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)