COVID-19 ကြောင့် အန္ဒိယနိုင်ငံမှာ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၁၂၃ ဦးကို ပြန်လည်ခေါ်ဆောင်

0
288

COVID-19 ဂယက်ကြောင့် အန္ဒိယနိုင်ငံမှာ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၁၂၃ ဦးကို ဒုတိယ အသုတ်အဖြစ် ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်လည် ခေါ်ဆောင်လာနိုင်တယ်လို့ မေလ ၂၄ ရက်နေ့ ညမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု ရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့နဲ့ အနီးပတ်ဝန်ကျင်မှာ ရောက်ရှိနေပြီး အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၁၂၃ ဦးကို မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာတဲ့အခါမှာ ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်ပြီး နေထိုင်ရမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မေလ ၁၉ ရက်နေ့ကလည်း အန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံသား ၉၅ ဦးကို ကယ်ဆယ်ရေး လေယာဉ်နဲ့ ပထမအကြိမ်အဖြစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ခေါ်ဆောင်နိုင်ခဲ့တယ်လို့ နိုင်ငံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

___________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)