မြန်မာ အလုပ်သမားတွေကို သတ်ခဲ့တဲ့ ထိုင်း ရဲဆရာဝန် ထိုင်းကို လွှဲပေး၊ သေဒဏ်ကျခံရမယ်

0
314

မြန်မာ အလုပ်သမားတွေကို သတ်ဖြတ်ခဲ့လို့ မျက်ကွယ် သေဒဏ် ချမှတ်ခံရပြီး ထွက်ပြေးနေတဲ့ ထိုင်း ရဲ ဆရာဝန်ဟောင်းကို မြန်မာရဲတွေက ထိုင်းရဲတွေကို ဒီနေ့ မေလ ၂၅ ရက်နေ့မှာ လွှဲပြောင်းပေးလိုက်ပါတယ်။

လူသတ်သမား ရဲမှူးကြီးဟောင်း ဆူပတ် လောဟာဝါတနာကို တာ့ခ်ခရိုင်၊ မဲဆောက်ရှိ နယ်စပ်ဂိတ်မှာ ထိုင်းရဲချုပ် သမ်မာဆက် ဝတ်ချရယာက လွှဲပြောင်းယူပါတယ်။

ဆူပတ်ကို မနှစ်က မျက်ကွယ် သေဒဏ် ချမှတ်ခဲ့ပြီး သူ့သားတစ်ယောက်ကိုလည်း အလားတူ သေဒဏ် ချမှတ်ထားပါတယ်။ နောက် သားတစ်ဦကိုတော့ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချထားပါတယ်။

မြန်မာအလုပ်သမားတွေကို သတ်ဖြတ်မှုဟာ ထိုင်းနိုင်ငံ၊ သာယန် ဒိစတြိတ်၊ ဖက်ချဘူးရီမှာ ၂၀၀၉ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့တာပါ။

ကလာနဲ့ ယန်လို့ ခေါ်တဲ့ မြန်မာအလုပ်သမား နှစ်ယောက်ကို သတ်ပြီး ခြံထဲမှာ မြေမြှုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)