အင်းဝ အပ်ချုပ်ဆိုင် မိသားစုကို ပြစ်မှု အားလုံး စွဲချက်တင်

0
305

အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင်တွေကို ပြစ်မှုအားလုံးအတွက် စွဲချက်တင်တယ်လို့ ဒီနေ့ မေလ ၂၅ ရက်နေ့မှာ ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်မိသားစုဟာ အိမ်အကူ မိန်းကလေး နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုခိုင်းစေမှု တို့ကြောင့် ရာဇသတ်ကြီးအမှု အမှတ် ၁၁၀/၁၆၊ လူကုန်ကူးမှုဥပဒေ ပုဒ်မ ၁၄/၃၂၊ ကလေးသူငယ် ဥပဒေ တို့နဲ့ တရားစွဲဆို ခံထားရတာပါ။

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ တင်မင်းလတ် (ခ) ဖိုက်ဇယ်၊ စုမွန်လတ်၊ သီရိလတ်၊ ရာဇာထွန်းတို့ကို နောက်ထပ် ရုံးချိန်းအဖြစ် ဇွန်လ ၈ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)