WHO ဟာ ရောဂါတိုက်ဖျက်ရေးထက် ခရီးသွားစရိတ်တွေ ပိုသုံးနေ

0
303

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ဟာ AIDS နဲ့ ငှက်ဖျား တိုက်ဖျက်ရေးတို့ထက် တာဝန်ရှိသူတွေ ခရီးသွားစရိတ်မှာ ပိုသုံးနေတယ်လို့ ဝေဖန်ခံရပါတယ်။

WHO ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး မာဂရက် ချန်း နဲ့ အမှုဆောင် ဒါရိုက်တာ အေးလ်ဝါ့ဒ် (ဓာတ်ပုံ – AP)

ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီဟာ ကမ္ဘာ့ ပြဿနာကြီးဖြစ်တဲ့ AIDS တိုက်ဖျက်ရေးထက် တာဝန်ရှိသူတွေ ခရီးသွားရာမှာ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေတည်းတာ၊ လေယာဉ်ကို Business Class က စီးတာ စတဲ့ စရိတ်တွေချည်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ သုံးထားတယ်လို့ AP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

WHO ဟာ မနှစ်က AIDS တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၇၁ သန်း၊ ငှက်ဖျားတိုက်ဖျက်ရေး အတွက် ဒေါ်လာ ၆၁ သန်း၊ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၅၉ သန်း သုံးစွဲခဲ့တာနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ပိုလီယို တိုက်ဖျက်ရေးအတွက်ကိုတော့ နှစ်စဉ် ဒေါ်လာ ၄၅၀ အသုံးပြုနေပါတယ်။

WHO ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး ဒေါက်တာ မာဂရက် ချမ်းရဲ့ တစ်နှစ်တာ ခရီးစရိတ်က ဒေါ်လာ ၃ သိန်း ၇ သောင်း ရှိပါတယ်။ မကြာသေးမီကပဲ အနောက်အာဖရိကရှိ ဂီနီယာနိုင်ငံကို သွားရောက်စဉ် တစ်ညကို ဒေါ်လာ ၁ ထောင့် ၈ ဒေါ်လာ ပေးရတဲ့ ဟိုတယ်မှာ တည်းခဲ့ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ WHO ကို နှစ်စဉ် ဘတ်ဂျက်အဖြစ် ဒေါ်လာ ၂ ဘီလီယံ ပေးရပါတယ်။ အမေရိကန်ကတော့ အများဆုံး ထည့်ဝင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

WHO ကကကတော့ သူတို့အလုပ်ရဲ့ သဘာဝကိုက ခရီးသွားဖို့ လိုအပ်တယ်လို့ ကာကွယ် ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)