ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ဦးဆန်းဆင့်ပြောကြား

0
254

အတိုင်းအတာ တစ်ခုအထိ ပြန်လည်တည်ဆောက်ပြီးရင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – NYEIN CHAN NAING (EPA/MYANMAR)

မလ ၂၄ ရက်နေ့က တောင်ငူအကျဉ်းထောက်ကနေ ပြန်လည်လွတ်မြောက်လာစဉ် သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအထိ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဆန်းဆင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီးရဲ့ လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲ့ဒီနောက် သာသာနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၄ ခုနှစ်မှာတော့ နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံဖောက်ဖျက်မှုတွေနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသူ တစ်ယောက်ပါ။

အဲ့ဒီနောက်မှာတော့ NLD အစိုးရက ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)