ဝန်ကြီး ဦးအောင်ကို ပြောကြားချက် မှန်ကန်မှု မရှိဘူးလို့ ယူနိုက်တက် အမရဘဏ် တုံ့ပြန်

0
298

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးအောင်ကို ကို နေပြည်တော်မှာ မဘသတွေ ဦးဆောင်ပြီး ဆန္ဒပြဖို့ လူတွေကို နေ့စားနဲ့ ငှားလာတာ ဖြစ်ပြီး ငွေကြေး အမြောက်အများ သုံးစွဲခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ မနေ့က မေလ ၂၄ ရက်နေ့ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး တက်ရောက်လာတဲ့ ဝန်ကြီး ဦးအောင်ကိုက လူသောင်းနဲ့ ချီရင် သိန်းထောင်ချီ ကုန်မယ်၊ ဒီငွေတွေ ဘယ်ကရလဲလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ အချိန်တုန်းက အမရဘဏ်က ငွေတွေ ပြန်ထုတ်နေတယ်ဆိုပြီး သတင်းထွက်တယ်၊ အမရဘဏ်ဆိုတာ ဘယ်သူတည်ထောင်ခဲ့တယ်ဆိုတာ အားလုံး သိပါတယ်လို့ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီပြောကြားချက်နဲ့ ပတ်သက်လို့ သတင်းမီဒီယာ တချို့မှာ ဖော်ပြနေတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီးရဲ့ မီဒီယာတွေကို ပြောကြားခဲ့တဲ့ မဘသ အဖွဲ့အစည်းနဲ့ အမရဘဏ်တို့နဲ့ ပတ်သက်တဲ့ ပြောကြားမှုများဟာ လုံးဝ (လုံးဝ) မှန်ကန်မှု မရှိဘူးလို့ ယူနိုက်တက် အမရဘဏ် စီမံခန့်ခွဲမှု အဖွဲ့က ထုတ်ပြန်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)