တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ ဆေးလိပ် ကင်းမဲ့ဇုန် သတ်မှတ်မယ်

0
443

လူငယ်တွေ ဆေးလိပ်သောက်ခြင်းကနေ ကာကွယ်ဖို့ တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ ဆေးလိပ် ကင်းမဲ့ဇုန် သတ်မှတ်ဖို့ အစိုးရက စီစဉ်နေပါတယ်။

ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း အကူအညီနဲ့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကရင်နဲ့ ရှမ်းပြည်တို့ရှိ အများပြည်သူ ဧရိယာတွေမှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်မှာ ဖြစ်ပါတယ်။

အများပြည်သူ ဧရိယာတွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားစေတီတွေလို နေရာမျိုးတွေမှာ ဆေးလိပ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဆေးလိပ်ဗူးတွေမှာ ကျန်းမာရေး သတိပေးချက်တွေ ထင်ထင်ရှားရှား ထည့်ဖို့လည်း အစိုးရက ညွှန်ကြားထားပြီး အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)