ငြိမ်းချမ်းရေးရဖို့ ဆယ်စုနှစ်နဲ့ချီပြီး အချိန်ကြာနိုင်တယ်လို့ ဗြိတိသျှ သံအမတ်ကြီး ပြော

0
277

မြန်မာနိုင်ငံက ပဋိပက္ခတွေ ရပ်တန့်ဖို့ နှစ် ၅၀၊ ဒါမှမဟုတ် နှစ် ၆၀ လည်း ကြာချင်ကြာပါမယ်၊ သေချာပေါက် ပြောနိုင်တာကတော့ ငြိမ်းချမ်းရေး ရရှိဖို့ ဆယ်စုနှစ်နဲ့ချီပြီး အချိန်ကြာမြင့်နိုင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူးပက်ထရစ် (Andrew Patrick) က ပြောပါတယ်။

တခြားတိုင်းပြည်တွေမှာ ငြိမ်းချမ်းရေး ရရှိဖို့ အချိန်များစွာ ကြာမြင့်ကြောင်း သံအမတ်ကြီးက ကြေးမုံ သတင်းစာကို ပြောဆိုထားပါတယ်။

တိုင်းပြည်မှာ နှစ်ပေါင်းများစွာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့လို့ ဖြစ်ကြောင်း၊ ဒီပင်လုံ ငြိမ်းချမ်းရေး ညီလာခံမျိုး ကျင်းပပေးခြင်းက အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ယုံကြည်မှု တည်ဆောက်ပေးခြင်း ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)