ဖေ့စ်ဘုတ်ကနေ ရောင်းချတဲ့ မြန်မာ အပြာဇာတ်ကားကိစ္စ ရဲတပ်ဖွဲ့စုံစမ်းနေ

0
678

လူမှုကွန်ရက် ဖေ့စ်ဘုတ်ကနေ တဆင့် မနေ့က ဧပြီလ ၂၄ ရက်နေ့မှာ စတင် ရောင်းချနေတဲ့ ပန်းခရမ်းပြာဆိုတဲ့ မြန်မာ အပြာဇာတ်ကားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က စတင် စုံစမ်းနေပြီ ဖြစ်ပါတယ်။

ပြသချိန် ၂ နာရီကျော် ကြာတဲ့ အဲဒီကားကို Art of Myanmar Production လို့ အမည်တပ်ထားတဲ့ ဖေ့စ်ဘုတ် အကောင့်ကနေ ဖြန့်ချိရောင်းချတာ ဖြစ်ပါတယ်။

မြန်မာ အပြာဇာတ်ကားကို ရိုက်ကူးနေတယ်ဆိုပြီး သင်္ကြန် မတိုင်ခင်ကတည်း ဖေ့စ်ဘုတ်မှာ တင်နေတာ ဖြစ်ပါတယ်။ အပြာဇာတ်ကား နမူနာ အမြည်းကိုလည်း ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။

ကြည့်ရှုလိုသူများတဲ့အတွက် အမှာစာ ၂ ထောင်ကျော်ဝင်ပြီး Viber အကောင့် ပျက်သွားကြောင်း၊ လိမ်လည်ခြင်း မရှိကြောင်းနဲ့ ငွေလွှဲပြီး ဗီဒီယိုလင့်ခ် မရသေးသူတွေ ငွှေလွှဲပြေစာပြပြီး ချတ်ဘောက်စ်ကနေ တောင်းနိုင်ကြောင်း Art of Myanmar Production ဖေ့စ်ဘုတ်မှာ မနေ့က ရေးသားထားတာ တွေ့ရပါတယ်။

တခါဝယ်ယူကြည့်ရှုနိုင်မယ် လင့်ခ်ကို ငွေကျပ် တစ်သောင်း ဘဏ်အကောင့်ကို လွှဲ ပေးရတယ်လို့ ဖေ့စ်ဘုတ်မှာ ရေးသားနေကြတာ တွေ့ရပါတယ်။

ဒီဇာတ်ကားပြီးရင် နောက်ထပ် တစ်ကားလည်း ထပ်မံရိုက်ဦးမယ်လို့ ဧပြီလ ၁၃ ရက်နေ့စွဲနဲ့ ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)