ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်ဆိုတာ ရန်ဖြစ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0
225

အစည်းအဝေးတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် အခြေအတင်ပြောပြီး ရန်ဖြစ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

မနေ့က ဧပြီလ ၂၄ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်အမှာစကားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

JICM ကို ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ တခြား အရာရှိကြီးများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင်၊ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနဲ့ အဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။

တစ်ချို့စကားတွေဟာ တစ်ချိန်က လက်မခံနိုင်ပေမယ့် နောက်တစ်ချိန်မှာ လက်ခံနိုင်တယ်ဆိုပြီး ဖြစ်လာမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားပါတယ်။

မနေ့က ကျင်းပတဲ့ JICM အစည်းအဝေးဟာ NLD အစိုးရသက်တမ်းအတွင်း ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)