YBS က စေတနာမှန်ပေမယ့် နည်းလမ်းမှားနေတယ်လို့ ရန်ကုန်တိုင်း လွှတ်တော် အမတ်တွေ ဝေဖန်

0
299

YBS ယာဉ်လိုင်း ပြောင်းလဲ ပြေးဆွဲမှု အစီအမံဟာ လုပ်ဆောင်တာ စေတနာ မှန်ပေမယ့် နည်းလမ်းမှားနေပြီး အရင် မ.ထ.သ အပေါ်မှာ YBS ပြောင်းတပ်သလို ဖြစ်နေတယ်လို့ ရန်ကုန်တိုင်း လွှတ်တော် အမတ်တွေက ဝေဖန်လိုက်ပါတယ်။

မနေ့က ဧပြီလ ၂၄ ရက်နေ့မှာ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက် ပိုမို ကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်း ဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုလို တိုင်းဒေသကြီး လွှတ်တော် အမတ် ၂၆ ဦးက ဝိုင်းဝန်း ဝေဖန်သုံးသပ် အကြံပြု ဆွေးနွေးကြခဲ့ပါတယ်။

YBS ပြောင်းလဲဖို့ အဆင့်ဆင့်မှာ ပြည်သူတွေ သိရှိမှု အားနည်းကြောင်း၊ စနစ်ပြောင်းလဲမှုမှာ ဘတ်စ်ကား စီးနင်းနေသူတွေ ပါဝင် ဆွေးနွေးသင့်ကြောင်းနဲ့ ဘတ်စ်ကား မစီးဖူးတဲ့သူတွေ ရေးဆွဲတဲ့ ပေါ်လစီတွေ ဖြစ်တဲ့အတွက် ဘတ်စ်ကား စီးနေသူတွေ အဆင်ပြေခြင်မှ ပြေမှာဖြစ်ကြောင်း လွှတ်တော် အမတ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကတော့ အချိန် တစ်နှစ်လောက်ကြာရင် သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ကြေးမုံသတင်းစာကို ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)