လက်ဆောင်ငွေသိန်း၅၀ ကိုသောက်သုံးရေကန်များအတွက် စတင်အသုံးပြုပြီ

0
390

ပြီးခဲ့တဲ့၂၀၁၆ သင်္ကြန်မှာ နိုင်ငံတော်ရဲ့အရေးကြီးပုဂိုလ်ရဲ့ ကိုယ်ရေးအရာရှိကို ပြည်တွင်းသတင်းမီဒီယာ ဌာနကြီးတစ်ခု လက်ဆောင်အဖြစ်ကျပ်ငွေသိန်း ၅၀ ကို ပေးလိုက်တဲ့အပေါ်မှာ လာဒ်ပေးလာဒ်ယူကိစ္စတွေကို အစိုးရသစ်အနေနဲ့ တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ အပေါ်မှာ အခုလိုလုပ်ရပ်ကြောင့် အစိုးရသစ်အနေနဲ့ ရှုံ့ချခဲ့ပြီး သတိပေးကာလဖြစ်တဲ့ အတွက် အရေးယူတာတွေ မလုပ်ပဲ လက်ဆောင်ငွေ သိန်း ၅၀ ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပဲခူးတိုင်းသနပ်ပင်မြို့အတွင်းနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေအတွက် ရေတွင်းရေကန်များပြန်လည်တူးဖော်ပြုပြင်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။
အဲဒီလုပ်ငန်းတွေအတွက် ဦးဆောင်လုပ်ကိုင်နေသူဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီးသနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦးကို MCN သတင်းဌာနက သီးခြားဆက်သွယ်မေးမြန်းခဲ့ရာမှာ
ဝန်ကြီးဌာနကချပေးတဲ့ သိန်း ၅၀ ကို ရေကန် ၅ ကန်တူးဖော်ပြုပြင်ရမှာ အသုံးပြုမှာဖြစ်ပြီး ပတ်ဝန်းကျင်ဒေသတွေမှာလည်း ရေရှားပါးမှုတွေ ရှိနေတဲ့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအနေနဲ့လည်း ရေကန်များထပ်မံတိုးချဲ့ တူးဖော်နိုင်ဖို့အတွက် ကူညီငွေများလည်းပေးလာခဲ့ပြီင်္း အလှူရှင်အချို့ကလည်း ပြည်သူများရေလောက်မှု ရှိစေဖို့အတွက် လှူဒါန်းမှုများလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အစိုးရသစ် တက်လာခဲ့ပြီးရက်ပိုင်းအတွင်းမှာ အခုလို လာဒ်ပေးလာဒ်ယူမှုလုပ်တာဟာ မဖြစ်သင့်တဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး ပေးသူယူသူနှစ်ဦးစလုံးမှာတာဝန်ရှိတယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)