ဦးရွှေမန်းအပါဝင် ပါတီဝင်၁၇ဦင်္းကို ထုတ်ပယ်လိုက်တာဟာ အချင်းချင်းသဘောထားကွဲလွဲမှုများဖြစ်လာနိုင်

0
438

ကြံ့ခိုင်ရေးပါတီကြီးမှ ဦးရွှေမန်းအပါအဝင် ထိပ်ပိုင်းပါတီဝင် ၁၇ ဦးကို ပါတီဝင်အဖြစ်က အနားပေးလိုက်ကြောင်း သတင်းမီဒီယာများပေါ်မှာ ပျံနှံနေခဲ့ပါတယ်။
ထုတ်ပယ်လိုက်တဲ့ ပါတီဝင် ၁၇ ဦးဟာ ယခုအရပ်သား အစိုးရလက်ထက်မှာ ဖွဲ့စည်းထားတဲ့ဥပဒေရေးရာနှင့် အထူးကိစ္စများလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အများဆုံးပါဝင်ထားတဲ့ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်တယ်လို့ သတင်းများကဆိုပါတယ်။
အခုလိုလုပ်ရပ်ဟာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်များ ရဲ့လုပ်ရပ်ဖြစ်တာကြောင့် တည်ဆဲဥပဒေ၊ စည်းမျဉ်း ၊စည်းကမ်း၊ ဥပဒေနဲ့ညီညွတ်မှု ရှိ/မရှိကိုပြည်သူများနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များက သုံးသပ်ဆောင်ရွက်ပေးရန်လိုအပ်တယ်လို့ တစ်ချိန်ကပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ် ယခုထုတ်ပယ်ခံရသူတွေထဲမှာ အဓိကကျတဲ့သူဖြစ်တဲ့ သူရဦးရွှေမန်းက သူရဲ့သဘောထားကို သူ့လူမှုကွန်ယက်စာမျက်နှာကတဆင့်ပြောကြားလာပါတယ်။
အခုလို အစဉ်အလာရှိတဲ့ ခေါင်းဆောင်အချို့ကို ထုတ်ပယ်လိုက်တဲ့အတွက် ပါတီမှာ အားနည်းမှုရှိလာတဲ့အပြင် အချင်းချင်းသဘောထားကွဲလွဲမှုတွေလည်း ရှိလာနိုင်တယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဥပဒေပြုရေးကော်မတီ အတွင်းရေးမှုး ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီဝင် ဦးမြင့်စိုးကပြောပါတယ်။
ပါတီထိပ်ပိုင်းခေါင်းဆောင်များ ထုတ်ပယ်လိုက်ပြီး ယခင်က ပါတီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ သမ္မတဦးသိန်းစိန်က သူအာဏာလွှဲပြောင်းပြီးတဲ့နောက် ပါတီရဲ့ဥက္ကဋ္ဌတာဝန်ကို ပြန်လည်ထမ်းဆောင်မှာဖြစ်တဲ့ အတွက် ပါတီရဲ့ လုပ်ငန်းစဉ်များယခင်ကထက် တိုးတက်အောင်မြင်မှုများ ရှိလာလိမ့်မယ်လို့ သုံးသပ်နေကြသော်လည်း ပြည်သူရဲ့ဆန္ဒနဲ့ တထပ်တည်းမကျပဲ ပြည်သူရဲ့မျော်လင့်ချက်တွေနဲ့ ကွဲလွဲနေအုံးမယ်ဆိုရင် ပါတီအနေနဲ့ ဘယ်တော့မှ အောင်မြင်မှု ရမှာမဟုတ်ဘူးလို့ ဦးမြင့်စိုးက MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းရာမှာပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)