ပြည်တွင်း လိဂ်ပွဲအားလုံး မတ်လ ၂၄ ရက်ကစပြီး ရပ်နားပြီ

0
150
devices -->

COVID-19 ရောဂါကြောင့် MNL အပါအဝင် ပြည်တွင်း ဘောလုံးပြိုင်ပွဲအားလုံးကို ရပ်နားကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီက အစည်းအဝေးပြုလုပ်ပြီးနောက် အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၊ MNL ယူ-၂၁ လိဂ်ပြိုင်ပွဲ၊ MNL ယူ-၁၉ လိဂ်ပြိုင်ပွဲနဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း၊ ရှုံးထွက်ပြိုင်ပွဲတွေကို မတ်လ ၂၄ ရက်က စတင်ကာ ရပ်နားကြောင်း ထုတ်ပြန်ခဲ့တာပါ။

မြန်မာနေရှင်နယ်လိဂ် ကော်မတီက လိဂ်ပွဲတွေကို ပရိသတ် မပါဘဲ ကွင်းပိတ် ကျင်းပနေခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အခု COVID-19 ရောဂါ ကူးစက်သူတွေ တွေ့ရှိလာရတာကြောင့် ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြည်တွင်းလိဂ် ပွဲစဉ်တွေကို မေလလယ်လောက်မှသာ အစောဆုံး ကျင်းပနိုင်ဖွယ်ရှိပြီး ရောဂါအခြေကို မူတည်ပြီး ပွဲကျင်းပမယ့်ရက်တွေ ပြောင်းလဲနိုင်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>