တက္ကသိုလ် ဆရာ၊ ဆရာမတွေကို နေအိမ်မှ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆို

0
204

တက္ကသိုလ် အသီးသီးရှိ ဆရာ၊ ဆရာမတွေကို နေအိမ်ကနေ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တက္ကသိုလ် ဆရာ/ဆရာမ အသင်းများ ကိုယ်စားပြု ကော်မတီက ထုတ်ပြန်ချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

COVID-19 ကြောင့် စာမေးပွဲ ကျင်းပခြင်းနဲ့ စာစစ်လုပ်ငန်းတွေ ယာယီ ရွှေ့ဆိုင်းပေးဖို့ မတ်လ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပေမယ့် ပညာရေး ဝန်ကြီးဌာနနဲ့ တက္ကသိုလ် အာဏာပိုင်တွေက အလေးအနက် ထားခဲ့ခြင်း မရှိ၊ လုံလောက်တဲ့ ကျန်းမာရေး အကာအကွယ် မရှိဘဲ ဆက်လက် ဆောင်ရွက်စေခဲ့လို့ နေရပ်ပြန်ကြရမယ့် ကျောင်းသား ကျောင်းသူတွေအတွက် မလိုလားအပ်တဲ့ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရတာ သင်ခန်းစာယူဖွယ် ဖြစ်တယ်လို့ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တက္ကသိုလ် စာမေးပွဲနဲ့ စာစစ်တာဝန်တွေကို ရွှေ့ဆိုင်းထားတာကြောင့် ထမ်းဆောင်ရမယ့် တာဝန် နည်းပါးခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တချို့ဒေသတွေမှာ lockdown အခြေအနေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ခြင်း၊ ကျန်းမာရေးဌာနက မိမိတို့နေအိမ်မှာ နေထိုင်ဖို့ ညွှန်ကြားခြင်းတွေကြောင့် တက္ကသိုလ် အသီးသီးရှိ ဆရာ၊ ဆရာမတွေကို နေအိမ်ကနေ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ အလေးအနက် တောင်းဆိုထားပါတယ်။

>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)